ဖားကန့်မြို့နယ်ရှရော်ခကျေးရွာက အမျိုးသားတစ်ရာကျော်ကိုစစ်ကောင်စီတပ်တွေဖမ်းဆီးသွား 

ရှရော်ခကျေးရွာနှင့် ဖမ်းဆီးသွားသည့် ကုမ္ပဏီလုပ်ကွက်ကို တွေ့ရစဉ် Google Map

မတ်ဖားကန့် 

ဖားကန့်မြို့နယ် ရှရော်ခကျေးရွာက အမျိုးသား တစ်ရာကျော်ကို စစ်ကောင်စီတပ်တွေက မတ်လ ၁ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

“မနေ့ကကျတော့ ဒီရှရော်ခရွာထဲမှာ ညနေ ၃နာရီကျော်ဝန်းကျင်အချိန်မှာ ပြန်ဖမ်းတယ်ပေါ့နော် ရွာထဲဝင်မွေပြီးတော့ ဖမ်းထည့်ပြီးမှ အကုန်လုံး ၁၄၀ လောက်ပါသွားတယ်၊ ပါသွားတော့ လက်နက်ကြီး လက်နက်ငယ်တွေ အကုန်ပစ်ထည့်ပြီးတော့မှ ဖမ်းခေါ်သွားတယ်၊ အိမ်မှာဝင်ဖမ်းသွားတယ်ပေါ့၊ လမ်းမှာတွေ့တဲ့လူ ကြုံတဲ့လူတွေအကုန်ဖမ်းသွားတယ်ပေါ့နော်၊ ဖမ်းသွားတဲ့ခါကျတော့ ရှရော်ခဝန်းကျင်အနီးက ကုမ္ပဏီထဲကိုခေါ်သွားတယ်။ လို့   ရှရော်ခကျေးရွာသားတစ်ဦးက ပြောပြပါတယ်။ 

ဖမ်းဆီးသွားသူတွေထဲ ၉၀ နီးပါးကို မတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ ပြန်လွတ်ခဲ့ပြီး ကျန်ရှိနေတဲ့ ၃၀ ကျော်က စစ်ဆေးမေးမြန်းစရာရှိလို့ ကျန်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေဟာ ဆိပ်မူကျေးရွာအုပ်စု စပျစ်ခူးကျေးရွာအနီးမှာ မိုင်းပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး  စပျစ်ခူးတစ်ရွာလုံးရှိ အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတင်းဆက်စပ်မှုနဲ့ အခုလိုပြန်လည်ဖမ်းဆီးလိုက်တာလည်းဖြစ်တယ်လို့ ရှရော်ခကျေးရွာသားတစ်ဦးက ပြောပါတယ်။ 

“ စပျစ်ကူးမှာအရင်ဖမ်းတာပေါ့နော် စပျစ်ကူးမှာ ဟို သူတို့မိုင်းခွဲတာကြားတယ်ဆိုပြီးမှ ဖမ်းတာပေါ့နော် ဒီစပျစ်ကူးရွာသားတွေ လေးငါးခြောက်ဆယ်လောက်ပါသွားတယ်ပေါနော်” လို့ ရှရော်ခဒေသခံတစ်ဦးက ပြောပြပါတယ်။

မိုင်းခွဲတဲ့ လုပ်ရပ်က ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမသိရသလို စစ်ကောင်စီကလည်း မိုင်းဖောက်ခွဲခဲ့သူတွေကို ဆက်လက်ရှာဖွေသွားမယ်လို့ သိရရပါတယ်။

လက်ရှိအချိန်ထိ ပပျစ်ခူးကျေးရွာသား တစ်ဦးတစ်ယောက်မှ ပြန်လွှတ်လာခြင်းမရှိသေးသလို ရှရော်ခကျေးရွာသား ၉၀ ကျော်ဟာလည်း ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ 

အခြားသတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောဆိုမှုအရ စစ်ကိုင်းတိုင်းမှတ်ပုံတင်နံပါတ်ဖြစ်တဲ့ ၅/ တွေကို အဓိကထား ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

“ မနေ့က ၅/ တွေကို အဓိကထားပြီးဖမ်းသွားတာ၊ ကို ကြားသလောက် အယောက်တစ်ရာကျော်သွားတယ်ပြောတယ်။  သူတို့စစ်မေးစရာရှိတာမေးပြီးရင် လွှတ်ပေးမယ်လို့ပြောတယ်။ ဖမ်းသွဦးတာ ၅ /  ယောက်ကျာ်းလေးတွေကြီးပဲ” 

Leave a Reply

Your email address will not be published. Required fields are marked *