ဖားကန့်မြို့နယ်အတွင်း ကုန်တင်ကားများ ဝင်ရောက်မှုခြင်းနည်းသောကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာနေ 

ဇွန် ၁၁ ၊ ဖားကန့် 

ဖားကန့်မြို့နယ်ကို ဇွန်လအစ ၄ရက်နေ့မှစ   လိုင်စင်မဲ့ကားများဝင်ရောက်ခွင့်  ကန့်သတ်ပိတ်ပင်ထားသောကြောင့် ဖားကန့်မြို့ထဲကို ကုန်စည်ကားများလည်းအဝင်နည်းနေပြီး ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ် ။

ဖားကန့် – မိုးကောင်းလမ်းပေါ်ဖြတ်သန်းမောင်းနေကြတဲ့ လိုင်စင်မဲ့ကားတွေနဲ့ ကုန်တင်တာ ၊ ခရီးသည်တင်တာတွေ ပိုမိုပြုလုပ်တာကြောင့်  စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်လာတာ ဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။ 

နန့်ယားမှာပိတ်ထားတာလေအစီး၂၀၀လောက်ရှိတယ်အခုထိမဖွင့်သေးဘူးတစ်ရက်မှဆယ်စီး၁၅စီးအေ့လောက်ပဲလွှတ်ပေးတာနောက်ပိုင်းဆိုအုတ်ကားတွေတောင်ပိတ်ထားတယ်တစ်ချို့ကုန်စိမ်းကားတွေလည်းမလွှတ်လို့ပုတ်လို့အရည်တွေတောင်လည်နေပြီ”  ဟုဖားကန့်မြို့မရှီကထောင်ရပ်ကွက်အတွင်းနေထိုင်သူမြို့ခံတစ်ဦးကဆိုပါတယ်။ 

    ကုန်တင်ကားများ ဝင်ခွင့်ရနေပေမယ့် အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးနေတာဖြစ်ပြီး  အဝင်နည်းနေခြင်းကြောင့်  အခြေခံ လူသုံးကုန်များ၊ စားသောက်ကုန်များ ၊  အိမ်ဆောက်ပစ္စည်းများ စျေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ 

  အခြေခံစားသောက်ကုန်စည်များဖြစ်တဲ့ ဆန်တစ်အိတ် ၉ သောင်းမှ တစ်သိန်းကျပ် ၊   စားသုံးဆီတစ်ပိဿာကို တစ်သောင်းကျပ်  မီးသွေးတစ်အိတ်လျှင် တစ်သောင်းရှစ်ထောင်ကျပ် စသည်ဖြင့် ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။ 

ယခုလို ကုန်တင်ကားဝင်ခွင့်များလည်း ကန့်သတ်ထားပြီး ကုန်စျေးနူန်းများက ဆက်လက်မြင့်မားနေမည်ဆိုလျှင်  ဖားကန့်မြို့နယ်အတွင်း ခိုးဆိုးလုယက်မှုတွေဟာ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ဆိုပါတယ်။ 

  “ ဘယ်လိုဖြစ်လာနိုင်လဲဆိုတော့  ခိုးဆိုးလုယက်မှုတွေပိုဖြစ်လာနိုင်တာပေါ့နဂိုတုန်းကမှဖားကန့်ဆိုတာပျံကျတယ်လေလက်သာရင်လူကိုရိုက်တယ်ဆိုင်ကယ်ကိုလုပြေးတယ်ဒါမျိုးတွေပေါ့တစ်ခြားကိုသွားရောင်းတယ်ခိုးတာတွေဖွက်တာတွေဒါမျိုးတွေသောင်းကျန်းလာပြီးဒီလိုတွေဖြစ်လာနိုင်တာပေါ့”​လို့မြို့ခံတစ်ဦးကပြောပါတယ်။ 

  ဖားကန့်-မိုးကောင်းလမ်းပေါ်  ဖြတ်သန်းသွားလာနေတဲ့ လိုင်စင်မဲ့ကားများဟာ  ယခင်နှစ်တွေမှာ  ဂိတ်ကြေးများပေးဆောင်ရာမှာ 

ငွေကျပ်တစ်ထောင် နှစ်ထောင်ဖြင့် ဖြတ်သန်းနိုင်ပြိီး ယခုကာလတွင်မှာတော့ ယာဉ်တစ်စီးလျှင် ငွေကျပ်နှစ်သောင်းသုံးသောင်းပေးဆောင်ရန် ဂိတ်များက တောင်းခံမှုများပြုလုပ်နေကြသည်ဟု ဒေသခံများထံကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *