ဖားကန့်မြို့မှာအနှိပ်ခန်းပိုင်ရှင်တစ်ဦးအသတ်ခံရ 

ဇန်နဝါရီ ၁၉ ၊ ဖားကန့် 

ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက် အနှိပ်ခန်းပိုင်ရှင် တစ်ဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

အနှိပ်ခန်းပိုင်ရှင် ဦးဝင်းကို(ခ)မောင်ဦးကို သူ့နေအိမ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၂ နာရီအချိန်မှာ လက်နက်ကိုင်ဆောင်ထားသူတချို့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အချိန်အနည်းငယ်အကြာမှာပဲ ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ အဲ့ဒီအနှိပ်ခန်းပဲ အစက ရှေ့လနည်းနည်းက  ရဲတစ်ယောက်အပစ်ခံရတာ အဲ့ဒီအနှိပ်ခန်းကနေ ထွက်လာတာ အပစ်ခံရတယ်၊ အဲ့ဒီရဲနဲ့များ ဆက်စပ်သလားပါ့ အဲ့ဒီဦးဝင်းကိုက ၊ မရှီကထောင်နယ်ထိန်းလေ အဲ့တုန်းက အပစ်ခံရတာလည်း” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

ဦးဝင်းကိုပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

၂၀၂၂ ခုနှစ် အောက်တိုဘာလက မရှီကောင်ရပ်ကွက် ဦးဝင်းကိုရဲ့ အနှိပ်ခန်းအနီးမှာ  စစ်ကောင်စီရဲ့ နယ်ထိန်းရဲတစ်ဦးပစ်သတ်ခံရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဖားကန့်မီးသတ်ဌာနမှ ဦးစီးအရာရှိတစ်ဦးလည်း အမည်မသိလက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတင်းအစအနပျောက်ဆုံးနေပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားများ ၊ ကျောက်ပွဲစားများ၊ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပစ်ခတ်ခံရပြီး သေဆုံးမှုတွေဟာ မကြာခဏရှိနေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *