မေ ၁၈ ၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်းမှာ လာမယ့် ရက်ပိုင်းမှာ နေ့တစ်ပိုင်းလုံး လျှပ်စစ်ဓာတ်အားပျက်တောက်နေမယ်လို့ ဖားကန့်မြို့နယ် လျှပ်စစ်ဌာနက အသိပေးထားပါတယ်။
လာမယ့် မေလ ၂၀ ရက်နေ့ ကနေ ၂၅ ရက်နေ့အထိ (၅) ရက်တာကို မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲအချိန်အထိ လျှပ်စစ်မီးပျက်တောက်မှာဖြစ်တယ် ဖားကန့် မြို့နယ် ဒု-လျှပ်စစ်ကျွမ်းကျင် ဦးကောင်းထက်ကျော်က ရေးသားပြောဆိုထားပါတယ်။
မဟာဓာတ်အားလိုင်းမှူးရုံး(ဝိုင်းမော်)မှ တာဝန်ယူထိန်းသိမ်းရတဲ့ 66-kV မိုးကောင်း-ဖားကန့်လိုင်းမှာ တိုင်နံပါတ်(230 မှ 370 ထိ) သစ်ပင် သစ်ကိုင်း ဝါးပင်ဝါးကိုင်း ခြုံနွယ်တို့က 66-kV Conductor ကြိုးနဲ့ နီးနီးကပ်ကပ်ပေါက်ရောက် နေတာကြောင့် လိုင်းအပြစ်မဖြစ်ပွားစေရန်ဖို့နဲ့ လိုင်း ကြံ့ခိုင်မှုရှိစေရန် ခုတ်ထွင်ရှင်းလင်းရန် လိုအပ်လာတာလို့ဆိုပါတယ်။
ဓာတ်အားပိတ်ပြီး လုပ်ငန်းဆောင်ရွက်ချိန်မှာလည်း နမ္မဖြစ်ခွဲရုံ (ဖားကန့်)သည် ဓာတ်အားပြတ်တောက်နေမည် ဖြစ်ပြီး ဖားကန့် ၊ ဆိပ်မူ ၊ လုံးခင်း စတဲ့ ဧရိယာတွေက ကျေးရွာတွေ ယာယီဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ သူကပြောဆိုထားပါတယ်။
ကချင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုတွေကို ၃၂ မြို့က အိမ်ထောင်စုဦးရေ နှစ်သိန်းကျော်အသုံးပြုနေပြီး အိမ်ထောင်စု ၇ သောင်းကျော်က လျှပ်စစ်ဓာတ်အားမရရှိသေးကြောင်း ကချင်ပြည်နယ် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနက နေသိရပါတယ်။