ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက ရွှေမျှောတွေရပ်နားဖို့ PDF တွေစာပြန်ထုတ် 

ဖေဖော်ဝါရီ ၂၈ ၊ ဖောင်းပြင် 

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျှောလုပ်ငန်းတွေကို ရပ်နားဖို့ PDF တွေက ဒုတိယအကြိမ်စာပြန်ထုတ်လိုက်ပါတယ်။ 

ချင်းတွင်းမြစ်ကမ်းဘေးက သငါ ၊ ရေအောက်တောင်း ၊ ကွမ်းတော ၊ စစ်သောင် စတဲ့ကျေးရွာတွေက ရွှေမျှောတွေမလုပ်ကြဖို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ဒေသခံကာကွယ်ရေးအဖွဲ့ကတွေက စာထုတ်လိုက်တာလည်းဖြစ်ပါတယ်။ 

ဖောင်းပြင်မြို့နယ် စစ်ကောင်စီကလည်း ရွှေမျှောတွေပိတ်ထားဖို့စာကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီပေးပို့ထားပြီး တချို့ရွှေမျှောတွေလည်းပိတ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။​

စစ်ကောင်စီတပ်ရဲ့ အမြန်ရေယာဉ်တစ်စီး ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်ဖို့အစီအစဉ်ရှိနေတာကြောင့် မြစ်ကမ်းဘေးက ရွှေမျှောလုပ်ကိုင်မှုတွေရပ်နားထားဖို့ ညွှန်ကြားတာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ 

ဖောင်းပြင်မြို့နယ်ချင်းတွင်းမြစ်ကမ်းဘေးမှာ ရွှေမျှောလုပ်ကိုင်နေသူတွေက မြို့နယ်ကနေ ရပ်ကျေးအဆင့်ထိ ငွေကြေးပေးထားရကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *