ဗန်းမောက်မြို့နယ်အတွင်းကုန်သွယ်ရေးလမ်းကြောင်းပိတ်ထားမှုကြောင့်ကုန်စိမ်းပြတ်လပ်မှုနှင့်ကြုံတွေ့နေရ 

မေဗန်းမောက် 

  စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း ဝင်ရောက်မည့် လမ်းပိုင်းများကို KIA+PDF ပူးပေါင်းအဖွဲ့များက  ကုန်တင်ကားများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုကြောင့် ကုန်စိမ်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း ဗန်းမောက်မြို့ပေါ် ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဗန်းမောက်ကဟိုကတော့ (KIA+PDF ) က  ပိတ်ထားတာပါ့အေး။ကားလမ်းတွေပိတ်ထားတယ်။လူတွေလည်းသွားလို့မရဘူး။ကုန်တွေလည်းသွားလို့မရဘူး။ကုန်တွေလည်းပြတ်နေတာအခုက။ဒုက္ခရောက်ပြီပါ့အေးလမ်းပိတ်ထားတော့”  ဗန်းမောက်မြို့ပေါ်ဒေသခံတစ်ဦးကပြောပြပါတယ်။ 

လမ်းပိတ်ထားလို့ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်တဲ့ ဆိုင်ရှင်တချို့က  လက်ကားရောင်းချမှုတွေ မပြုလုပ်တော့သလို ၊  ကုန်းစိမ်းသည်တွေမှာတော့ ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီလို့ ဈေးသည်အမျိုးသားတစ်ဦးက အခုလို ပြောပြလာပါတယ်။

ပစ္စည်းတွေပြတ်တော့မှာမို့လို့တစ်ချို့လည်းဟိုလိုလက်ကားတွေမရောင်းကြဘူး။တစ်ချို့ကလည်းဒုက္ခရောက်တယ်။ကုန်စိမ်းသည်တွေလည်းဒုက္ခရောက်နေကြပြီ။ကုန်စိမ်းတွေပြတ်လို့”  လို့သူကပြောပြပါတယ်။ 

မတ်လ နှင့် ဧပြီလတွေမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေကို  စစ်ကောင်စီတပ်နှင့် KIA PDF ပူးပေါင်းတပ်ဖွဲ့တွေက   ပိတ်ပင်တားဆီးမှုတွေ ရှိခဲ့ပေမယ့် ဗန်းမောက် – အင်းတော်လမ်းပိုင်းဖြစ်တဲ့ ကတ္တရာလမ်းကိုသာ အဓိကထား ပိတ်ပင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ယခုတစ်ကြိမ်မှာတော့ ဗန်းမောက်မြို့နယ်ထဲကိုဝင်တဲ့ ဗန်းမောက်မြောက်ပိုင်းဒေသ   မံထုံ-ညောင်ပင်ဆိပ်လမ်း နှင့် ဗန်းတောင်ပိုင်းလမ်းကြောင်းတွေကပါ သွားလာခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ 

လမ်းပိတ်ထားတဲ့အကြောင်းအရင်းကိုတော့ ​KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်းမရှိကြောင်း သိရပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် ထိတွေ့တိုက်ပွဲမရှိသေးဘူးလို့ မေလ ၈ ရက်နေ့မှာ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *