ဗန်းမောက်မြို့နယ်အတွင်း လမ်းပိုင်းတချို့ကို PDF များ ပြန်လည်ပိတ်ပင်ထား

ဇန်နဝါရီလ ၃ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း သွားလာနေသည့် လမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ ၂ ရက်နေ့မှစပြီး ပြန်လည်ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဗန်းမောက်အနောက်ပိုင်းလမ်းနှင့် ဗန်းမောက်မြို့ သွားလာခွင့်ကို ဇန်နဝါရီလ ၂ ရက်နေ့မှာ စတင်ပြီး ပိတ်လိုက်တာလို့ ရွှေလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ဗန်းမောက်ကိုလည်း လမ်းပိတ်လိုက်တော့ သွားလို့ မရပြန်တော့ဘူး။ ဒီကနေ့ စပိတ်လိုက်တာ။ လမ်းတွေပိတ်လိုက်တော့ လုပ်ငန်းတွေလည်း နားရမယ်ထင်တယ်ကော။ ရွှေကလည်း သိပ်အဆင်မပြေပါဘူး ”

ဗန်းမောက်မြို့နယ်မှ အနောက်ပိုင်းဒေသကို သွားတဲ့လမ်းပိုင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက တစ်ပတ် နှစ်ရက် လမ်းပြန်ဖွင့်ပေးမှာဖြစ်တယ်လို့လည်း နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သုံးရက်လို့ပြောတယ်။ အရင်က သူတို့ ပိတ်သလိုပဲပါ့။ သူတို့လာပြန်ထိုင်ထားပြီဆိုတော့ သုံးရက်ပိတ်ပြီးရင် နှစ်ရက်ဖွင့် အဲ့လိုမျိုးနေမှာပါ့ ” လို့ ၎င်းက ပြောပါတယ်။

ဗန်းမောက်မြို့နယ်အနောက်ဘက်ဒေသသွားလမ်းဖြစ်တဲ့ ပင်ဟင်းခါး-သာယာကုန်းကျေးရွာမှာ တော်လှန်ရေးအင်အားစုများက တပ်ထိုင်ထားပြီး ကုန်စည်သယ်ယူခွင့်ကို တားဆီးပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။

ကုန်စည်သယ်ယူခွင့်ရချိန်မှာလည်း တော်လှန်ရေးအင်အားစုများ သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ သယ်ယူခွင့်ရကြတယ်လို့လည်း သိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းရှိ KIA+PDF များက ၂၀၂၃ ခုနှစ် အတွင်းမှာ အင်းတော်-ဗန်းမောက်လမ်းပိုင်းများ၊ မြို့နယ်အတွင်း သွားလာသည့် လမ်းပိုင်းများနှင့် ကုန်စည်သယ်ယူခွင့်များကို မကြာခဏ ပိတ်ပင်မှုများ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဇန်နဝါရီလ ၃ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း သွားလာနေသည့် လမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ ၂ ရက်နေ့မှစပြီး ပြန်လည်ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဗန်းမောက်အနောက်ပိုင်းလမ်းနှင့် ဗန်းမောက်မြို့ သွားလာခွင့်ကို ဇန်နဝါရီလ ၂ ရက်နေ့မှာ စတင်ပြီး ပိတ်လိုက်တာလို့ ရွှေလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ဗန်းမောက်ကိုလည်း လမ်းပိတ်လိုက်တော့ သွားလို့ မရပြန်တော့ဘူး။ ဒီကနေ့ စပိတ်လိုက်တာ။ လမ်းတွေပိတ်လိုက်တော့ လုပ်ငန်းတွေလည်း နားရမယ်ထင်တယ်ကော။ ရွှေကလည်း သိပ်အဆင်မပြေပါဘူး ”

ဗန်းမောက်မြို့နယ်မှ အနောက်ပိုင်းဒေသကို သွားတဲ့လမ်းပိုင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက တစ်ပတ် နှစ်ရက် လမ်းပြန်ဖွင့်ပေးမှာဖြစ်တယ်လို့လည်း နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သုံးရက်လို့ပြောတယ်။ အရင်က သူတို့ ပိတ်သလိုပဲပါ့။ သူတို့လာပြန်ထိုင်ထားပြီဆိုတော့ သုံးရက်ပိတ်ပြီးရင် နှစ်ရက်ဖွင့် အဲ့လိုမျိုးနေမှာပါ့ ” လို့ ၎င်းက ပြောပါတယ်။

ဗန်မောက်မြို့နယ်အနောက်ဘက်ဒေသသွားလမ်းဖြစ်တဲ့ ပင်ဟင်းခါး-သာယာကုန်းကျေးရွာမှာ တော်လှန်ရေးအင်အားစုများက တပ်ထိုင်ထားပြီး ကုန်စည်သယ်ယူခွင့်ကို တားဆီးပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။

ကုန်စည်သယ်ယူခွင့်ရချိန်မှာလည်း တော်လှန်ရေးအင်အားစုများ သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ သယ်ယူခွင့်ရကြတယ်လို့လည်း သိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းရှိ KIA+PDF များက ၂၀၂၃ ခုနှစ် အတွင်းမှာ အင်းတော်-ဗန်းမောက်လမ်းပိုင်းများ၊ မြို့နယ်အတွင်း သွားလာသည့် လမ်းပိုင်းများနှင့် ကုန်စည်သယ်ယူခွင့်များကို မကြာခဏ ပိတ်ပင်မှုများ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *