ဗန်းမောက်မြို့နယ် စည်ပင်ရုံးမှာ ဗုံးနှစ်လုံးပေါက်ကွဲ​

ဗန်းမောက်မြို့နယ် စည်ပင်သာယာဝန်ထမ်းများ မြို့ဝင်ဆိုင်းဘုတ်အနီး ပန်းပင်တွေကို ရေလောင်းနေစဉ်

မတ် ၁၈ ၊​ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် စည်ပင်ရုံးဝန်းအတွင်းမှာ မတ်လ ၁၇ ရက်နေ့ညပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ မနေ့ညက ၁၀ နာရီခွဲမှာ တစ်လုံး ၁၁ လုံးကွဲတယ် ဘာဖြစ်သွားသေးလဲဆိုတော့ ၊ အခုက တစ်ယောက်သွားကြည့်တော့ သူတို့သိမ်းတော့သိမ်းထားကြပြီတဲ့ ၊ မှန်လေးဘာလေးတွေထိတယ်လို့ပြောတယ်၊ အသံကတော့အကျယ်ကြီးပဲ​၊ မြို့ပေါ်မှာပိုကြားရတယ် ၊ ဝန်ထမ်းတွေတော့ လန့်နေကြပြီ ” လို့ မြို့ပေါ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလိုပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပဲ စည်ပင်ရုံးဝန်းအတွင်း ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိတယ်လို့ဆိုပါတယ်။

ဒီမိုင်းခွဲတဲ့ လုပ်ရပ်က ဘယ်သူတွေရဲ့လက်ချက်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဗန်းမောက်မြို့နယ် တောင်ပိုင်းက နားမော် ၊ မံကပ် စတဲ့ ကျေးရွာတွေမှာလည်း အသံမိုင်းများ ၊ လက်လုပ်မိုင်းများ မကြာခဏပေါက်ကွဲမှုတွေကြားနေရကြောင်းလည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *