ဩဂုတ် ၁၈ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် ပင်ဟင်းခါး ရွှေကျောင်းကျေးရွာမှာ ထမင်းချက်နေတဲ့ အမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးက မီးဖိုဆောင်အတွင်း ထမင်းရေအိုးငှဲ့နေစဉ် သူ့ရဲ့ ပေါင်ကို ကျည်ဆံလာထိမှန်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိတွေက ပြန်ပြောပြပါတယ်။
ထိုသို့ ကျည်ဆန်ထိမှန်ပြီးနောက် ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း ဩဂုတ်လ ၁၆ ရက်နေ့မနက်ပိုင်းမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ ဘယ်လိုဖြစ်တာသလဲဆိုတော့သူကထမင်းအိုးငှဲ့နေတာအိမ်ထဲမှာအဲ့ဒီမှာကျည်ဆန်ကသူ့ပေါင်ကိုလာမှန်သွားတာ၊ဘယ်လိုမှန်သလဲတော့မသိဘူး။တိုက်ပွဲလားဘာလားမသိပါဘူး။အသံကတော့တခြိမ်းခြိမ်းကြားရတာပါ့” လို့ဖြစ်စဉ်ကိုသိသူတစ်ဦးကပြောပါတယ်။
ဗန်းမောက်ပြည်သူ့ဆေးရုံတွင်လည်း ဖြစ်စဉ်ဖြစ်ပွားပြီး ၁၂ နာရီအကြာမှာ ခွဲစိပ်ကုသမယ်လို့ မြို့နယ်ဆရာဝန်ကြီးက အချိန်သတ်မှတ်ထားပေမယ့် မခွဲစိပ်ရေသေးမှီ ဩဂုတ်လ ၁၆ ရက်နေ့မနက်ပိုင်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အခုဖြစ်ပွားတဲ့ ရွှေကျောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စခန်းချထားသလို အနီးနားမှာလည်း PDF တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ စခန်းတွေတည်ရှိတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာလည်း ပင်ဟင်းခါးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ဆိုင်ကယ်ဖြတ်မောင်းသည့်ဒေသခံတစ်ချို့ သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။