ဗန်းမော်မြို့ ရိုးကြီးရပ်ကွက် ဦးပိန်တံတားထိပ်တွင် ဧပြီလ၂၃ရက် နေ့လည်၁၁နာရီအချိန်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံ (၆)ဦး ထခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ်။
ထိခိုက်သူတွေထဲမှာ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦးနှင့် အသက်(၁၀)နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း (၆)ဦးရှိပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြကြောင်း သိရှိရပါတယ် ။
“ နှစ်လုံးကျတာလက်နက်ကြီးကတစ်လုံးပဲပေါက်ကွဲတာတစ်လုံးကမြေကြီးထဲစိုက်ဝင်ထားတာစစ်တပ်ကလာရှင်းပေးသွားတယ်မပေါက်တဲ့အလုံးကိုအိမ်တွေကတော့နှစ်လုံးလောက်တော့ထိမယ်တစ်အိမ်ကအလှူသွားကြတာနဲ့လူကမရှိထားဘူးတံခါးတွေပွင့်တယ်မှန်တွေကွဲတာပေါ့” ဖြစ်စဉ်ကိုသိရှိသူဒေသခံတစ်ဦးကပြောပြပါတယ်။
လက်နက်ကြီးများကို စစ်ကောင်စီက ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်မှုကြောင့် အနီးနားရှိ လူနေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ရှိသည်ဟု ဆိုကြပါတယ်။
ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် KIA+PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလအစပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဗန်းမော်မြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသော ဒေသခံအများအပြားလည်း ရှိနေပါတယ်။