မိုးကောင်းမြို့တရားရုံးရှေ့မှာ  ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးခြံဝန်းပျက်စီး

မေ ၁၁ ၊ မိုးကောင်း 

မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်မှာရှိတဲ့ မြို့နယ်တရားရုံးရှေ့တွင်  မေလ (၁၀) ရက်နေ့  ည၇ နာရီ ၁၀မိနစ်အချိန်မှာ ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ်။ 

“ မနေ့ညက မိုးကောင်းမှာ မိုင်းကွဲတာလေ ၇ နာရီကျော်ကျော်လောက်ပေါ့ ညကသိထားတာကတော့ ခြံဝန်းတံခါးပဲပျက်တယ်တဲ့ ကျန်တာအဆောက်အဦးဘာညာတော့မထိဘူး လူတွေလဲမထိဘူး ညဆိုတော့” လို့  မိုးကောင်းမြို့နယ် တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် တရားရုံးရှေ့ရှိ ခြံဝန်းတံခါးထိခိုက်ပျက်စီးပြီး တစ်ခြားထိခိုက်မှုများကိုတော့ မသိရှိရသေးကြောင်း ဆိုကြပါတယ်။ 

ရပ်ကွက်တွင်းပြောဆိုနေမှုများမှာ ချိန်ကိုက်ဗုံးမဟုတ်ဘဲ လာရောက်ပစ်ပေါက်သွားတာဖြစ်တယ်လို့  နတ်ကြီးကုန်းရပ်ကွက်နေထိုင်သူတစ်ဦး ပြောပြပါတယ်။ 

“ဟုတ်တယ် တရားရုံးရှေ့မှာ တစ်လုံးပဲနေမှာ ပြောနေကြတဲ့ပုံစံအရတော့ ’ ဟု နတ်ကြီးကုန်း ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ဆိုပါတယ်။ 

ဗုံးလာရောက်ပစ်ခတ်သွားတဲ့ အဖွဲ့အစည်းတွေကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

မိုးကောင်းမြို့နယ် လျှပ်စစ်ရုံးအနီးမှာလဲ ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ်နိုဝင်ဘာလ ကုန်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးပြီး ၂၀၂၂ခုနှစ် သြဂုတ်လတွင်လည်း မိုးကောင်းမြို့ အထက(၂)ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲခဲ့ပြီး ကျောင်းဝရံတာနဲ့ အခန်းတစ်ချို့ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *