ဇွန် ၁၆ ၊ မိုးညှင်း
မိုးညှင်းတက္ကသိုလ် ရူပဗေဒ တတိယနှစ်ကျောင်းသား ကိုကျော်ဇော်ဦးကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ ၎င်းနေအိမ် တွင် စစ်ကောင်စီတပ်မှ အရပ်၀တ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
“ အဖမ်းခံရတယ်ဆိုပြီးသတင်းကြားကြားချင်း ကျွန်တော်တို့စုံစမ်းတော့ ရဲလဲ မဟုတ်ဘူး စစ်သားလည်းမဟုတ်ဘူး ဆိုပြီးပြောနေကြတာ အခုနောက်ပိုင်ပြန်စုံစမ်းဝောာ့ စစ်သားတွေအရပ်၀တ်နဲ့ဖမ်းသွားတယ်လို့ပြောတယ်” ဟု မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင်မည်သည့်နေရာတွင် ထိမ်းသိမ်းထားသည်ကိုသိရှိရခြင်းမရှိသေးကြောင်း ကိုလဲ ၎င်းကဆက်ပြောကြားသည်။
မေလ 25 ရက်ကလည်း မိုးညှင်းတက္ကသိုလ် ရုက္ခဗေဒေသ မေဂျာမှ ကျောင်းသား ကိုိုက်ကောင်း ကိုလည်း စစ်ကောင်စီတပ်များမှ ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိပြန်လွတ်မြောက်ခြင်းမရှိသေးကြောင်းသိရသည်။
မိုးညှင်းမြို့တွင် နွေးဦးတော်လှန်ရေးလှုပ်ရှာမှုများကြောင့် ကျောင်းသားကျောင်းသူ ၅ ဦးထက်မနည်း ဖမ်းစီးခံထားရပြီး စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။