ဖေဖော်ဝါရီ ၁၇ ၊ မိုးညှင်း စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုများက ယနေ့လျှင် ၁ဝ ရက်ပြည့်ခဲ့ပြီဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မှုများလည်း အရှိန်မြင့်လာခဲ့ပြီဖြစ်ပြီး ယခင်နေ့များထက် ယနေ့ ဆန္ဒထုတ်ဖော်မှုက အရှိန်မြင့်လာခဲ့သည်။
CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရေးအတွက်လည်း ဝန်ထမ်းများက ရုံးရှေ့များသွားရောက် ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။