မိုးညှင်းမြို့နယ် အခွန်ဦးစီးရုံး အသံမိုင်းဖြင့်  မိုးညှင်း PDF ဖောက်ခွဲတိုက်ခိုက်

Photo_ မိုးညှင်းမြို့ပတ်လမ်း ထန်းတပင်ရွာအဝင်လမ်းတွင် တွေ့ရသည့် မိုးညှင်းKPDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

နိုဝင်ဘာ ၃ ၊ မိုးညှင်း 

 မိုးညှင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်တွင်းရှိ မိုးညှင်းမြို့နယ် အခွန်ဦးစီးဌာနရုံးကို  ယနေ့နိုဝင်ဘာလ (၃)ရက် မနက် ၆ နာရီခွဲအချိန်မှာ  အသံမိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ မြို့ပေါ်နေ ဒေသခံများထံမှ သိရပါတယ်။

  “ မနက်ပိုင်းလောက်ကို ဖြစ်တာ တံခါးပဲထိသွားတာ ဘာမှမထိသွားဘူး’” ဟု  ရုံးအနီးနေထိုင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

  အဆိုပါ အသံမိုင်းဖောက်ခွဲမှုကို  ပြည်သူ့ကာကွယ်ရေးတပ်  မိုးညှင်း K-PDF အဖွဲ့က  ပြုလုပ်ကြောင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မနက်ပိုင်းမှာပဲ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

  “ ယခုဖောက်ခွဲမှုဟာ လက်နက်ကိုင်မဟုတ်တဲ့ အခွန်ဦးစီးဌာနကဝန်ထမ်းတွေကို တစ်စုံတစ်ရာထိခိုက်စေလိုခြင်းမရှိဘဲ နောက်နောင် မိုးညှင်းမြို့နေ ပြည်သူလူထုအပေါ် မတရားအခွန်ကောက်ခံခြင်း မပြုလုပ်ရန်အတွက် သတိပေးခြင်းသက်သက်သာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ သတိပေးပြောဆိုထားပါတယ်။

    မတရားအခွန်ကောက်ခံခြင်းကို ဆက်လက်ပြုလုပ်ရင်  ယခုထက် ပိုမိုပြင်းထန်တဲ့ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ထပ်လောင်းဆိုထားပါတယ်။

အခွန်ရုံးအနီးမှာ ပြီးခဲ့တဲ့ မေလနှင့်ဇွန်လအတွင်းမှာလည်း  အထက -၁ အနီးမှာရှိတဲ့ ထွေအုပ်ရုံး၊ မြို့မရဲစခန်း နဲ့  ဦးမျိုး( ရွှေမောင်း)ပိုင်တဲ့ ငွေလမင်းဆန်စက်နေအိမ်ကို မိုးညှင်း KPDF က ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *