မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေမှာ   ဆိုင်ကယ်လုယက်မှုတွေ ပိုဖြစ်ပွားမှုများလာ 

ဇန်နဝါရီ၂၆မိုးညှင်း 

မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေမှာ အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုတွေက ၂၀၂၃ ခုနှစ် အစပိုင်းမှာ ခပ်စိတ်စိတ်ဆိုသလို ဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မိုးညှင်းမြို့နယ်မှာ  ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်းမှာပဲ ဆိုင်ကယ်လုယက်မှုတွေဟာ အနည်းဆုံးငါးခုထက်မနည်းဖြစ်ပွားခဲ့တာာဖြစ်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

မိုးညှင်းမြို့ နတ်ကြီးကုန်းရပ်ကွက် ဦးဘိုကေအရက်ဆိုင်အနီးတွင် လူတစ်စုက သားအမိနှစ်ယောက်ကို လုယက်ရိုက်နှက်မှုတစ်ခု ဇန်နဝါရီလ ၂၄ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ 

မော်တော်ဆိုင်ကယ်မောင်းနှင်လာတဲ့ သမီးဖြစ်သူကို သုံးယောက်ပါလူတစ်စုက ပုလင်းနဲ့ဦးခေါင်းကို ရိုက်ချရာမှာ သမီးဖြစ်သူက ရှောင်လိုက်သောကြောင့် မိခင်ဖြစ်သူကို ထိမှန်သွားကြောင်း မိုးညှင်းဒေသခံတစ်ဦးကပြောပြပါတယ်။ 

  “နတ်ကြီးကုန်းရပ်ကွက် ဦးဘိုကေ အရက်ဆိုင်နားမှာ ဟုတ်တယ် ၇နာရီ ၇ခွဲဝန်းကျင်မှာ  ကောင်မလေးတစ်ယောက်နဲ့သူ့အမေ ဆိုင်ကယ်စီးလာတာ လူငယ်သုံးယောက်က ကောင်မလေးကိုပုလင်းနဲ့ခေါင်းရိုက်တာ  ကောင်မလေးကရှောင်တာ အမေကိုထိသွားတယ်လို့ပြောတယ်  ဆိုင်ကယ်လဲမပါသွားဘူးတဲ့” ဟု သူကဆိုပါတယ်။ 

မိုးညှင်းမြို့နယ်မှာ  ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်းမှာပဲ ဆိုင်ကယ်လုယက်မှုတွေဟာ အနည်းဆုံးငါးခုထက်မနည်းဖြစ်ပွားခဲ့တာာဖြစ်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

လုယက်မှုတွေပေါများလာခြင်းကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေဟာ တိုးများလာခြင်းကြောင့်ဖြစ်တယ်လို့ မိုးညှင်းရပ်မိရပ်ဖတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။ 

လွန်ခဲ့တဲ့ ဒီဇင်ဘာလ၂၅ရက်နေ့ကလည်း အုတ်ကျင်းရပ်ကွက် ရှမ်းတံတားမှာ ဒေသခံလူငယ်တစ်ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းကို လူငယ်သုံးယောက်က လုယက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *