
မိုးညှင်းမြို့နယ်သည် ကချင်ပြည်နယ်တွင် Covid19 ကုသမှုခံယူနေရသူ အများဆုံးဖြစ်နေကြောင်း ကချင်ပြည်သူ ပြည့်သူကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာလ (၅) ရက်နေ့ ညနေထုတ်ပြန်မှုအရသိရသည်။
ကူးစက်ခံရမှု (၃၅) ဦးဖြင့်အမြင့်ဆုံးဖြစ်သည့် ဖားကန့်မြို့နယ်တွင် လက်ရှိကုသမှုခံယူနေရသူ (၁) ဦးသာ ရှိပြီး မိုးညှင်းမြို့နယ်တွင် လက်ရှိ (၅) ဦးရှိနေကြောင်းသိရသည်။
မိုးညှင်းမြို့နယ်တွင် စက်တင်ဘာလ နှင့် အောက်တိုဘာလဆန်းအထိ ကူးစက်သူ (၇) ဦးရှိခဲ့ပြီး အောက်တိုဘာ (၄) ရက်နေ့တွင် (၂) ဦးဆေးရုံက ဆင်းခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။
ကချင်ပြည်နယ်တွင် ဖားကန့် ၊ မိုးညှင်း ၊ မြစ်ကြီးနား ၊ မိုးကောင်း ၊ မိုးမောက် စသည်မြို့နယ်များမှ Covid19 ပိုးတွေ့ရှိခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် Covid19 ကူးစက်မှု ခံနေရသူ (၄၉) ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၁) ရှိနေပြီဖြစ်သည်။