မြစ်ကြီးနားရှိ ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်း ရေနစ်

ဩဂုတ် ၆ ၊ မြစ်ကြီးနား

မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုများ စစ်ဘေးရှောင်စခန်းမှာ ဩဂုတ်လ ၅ ရက်နေ့မှာ နန့်ကွေချောင်း ရေကြီးလာမှုတွကြောင့် စစ်ဘေးရှောင်စခန်းထဲ ရေဝင်ရောက်နေပြီး ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေထံကနေသိရပါတယ်။

စစ်ဖြစ်၍….စစ်ရှောင် ၊ ရေကြီး၍….ရေရှောင်  ၊ရှမ်းတွေ…ရှမ်းမျိုးနွယ်စုတွေ များစွာ…အခက်ခဲရှိလှပါတယ်။ ကူညီ…မစကြပါဖို့ နိုးဆော်အပ်ပါတယ်ခ” လို့ တာဝန်ရှိသူတစ်ဦးက ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။ 

မြစ်ကြီးနားမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများကို လက်ခံကူညီပေးနေသော ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းတွေမှာ အိမ်ထောင်စု (၇၀၀) ခန့် ခိုလှုံနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *