ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ ပိုမိုပါဝင်လာတဲ့ မိုးညှင်းမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၁၁ ၊ မိုးညှင်း

မိုးညှင်းမြို့တွင် စတုတ္ထနေ့မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ ပူးပေါင်းပါဝင်မှု များပြားလာသည်ကိုတွေ့ရသည်။

မိုးညှင်းမြို့ရှိ ကျန်းမာရေး ၊ ပညာရေး ၊ မီးရထား ၊ စိုက်ပျိုးရေး ၊ လျှပ်စစ် စသည့် ပြည်သူ့ဝန်ထမ်းများလည်း ယခင်နေ့ထက် ပိုမိုပါဝင်လာခဲ့သည်။

ပြည်သူလူထုများတွင်လည်း မိုးညှင်းမြို့ရှိ တိုင်းရင်းသားပေါင်းစုံ ၊ ကျောင်းသားသမဂ္ဂများ ၊ လူထုအခြေပြုအဖွဲ့အစည်းများ ၊ လူငယ်အဖွဲ့အစည်းများတို့ ပါဝင်သည်။

လူငယ်အသီးသီးကလည်း ၎င်းတို့၏ တီထွင်ကြံဆဉာဏ်များဖြင့် ဆောင်ပုဒ်အမျိုးမျိုးနှင့် ဖက်ရှင်ကျသည့် ဝတ်စားဆင်ယင်မှုများဖြင့် ပါဝင်ခဲ့ကြသည်။

ယနေ့ ဆန္ဒထုတ်ဖော်မှုတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆောင်ပုဒ်အမျိုးမျိုးအပြင် ဝန်ထမ်းများ CDM ပြုလုပ်လာနိုင်ရေးကို တွန်းအားပေးသည့် ဆောင်ပုဒ်များဖြင့်လည်း အထူးပါဝင်လာခဲ့သည်။

မိုးညှင်းမြို့နယ်တွင် ပါဝင်သည့် အင်းတော်ကြီး ၊ ဟိုပင်မြို့ တို့တွင်လည်း ဆန္ဒထုတ်ဖော်မှုကို တစ်ပြိုင်တည်းပြုလုပ်ခဲ့ကြသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *