ရှမ်းနီတို့ရဲ့ ပုံရိပ်ဖြစ်ဖို့ ရှမ်းနီအသံ ဘာလုပ်နေလဲ 

၂၀၁၅ ခုနှစ် လွန်ခဲ့သည့် ၁၀ နှစ်ကျော်အချိန်တွင် ရှမ်းနီအသံ၏ ပုံနှိပ်ထုတ်ဝေခွင့်လိုင်စင်တွင် “ ရှမ်းနီ” ဟူသည့် အမည်နာမကို လိုင်စင်ချပေးသည့် သက်ဆိုင်ရာများက ခွင့်မပြုပေ။ အကြောင်းအမျိုးမျိုးပြသော်လည်း “ရှမ်းနီ” ဆိုသည့် စကားလုံးကို ဖယ်ထုတ်မှ ဂျာနယ်ထုတ်ဝေခွင့်လိုင်စင်ရရှိမည် ဖြစ်ကြောင်းသာ အကြောင်းပြန်ကြားလေ့ရှိသည်။ ရှမ်းနီအသံဝိုင်းတော်သားများသည် အလျော့သောဇွဲများဖြင့် အချိန်ကာလတစ်ခုအထိစောင့်ပြီး “ရှမ်းနီအသံ”ဆိုသည့်  အမည်ဖြင့် ပုံနှိပ်လိုင်စင်ရရှိအောင် ဆောင်ရွက်ခဲ့သည်။ စိန်ခေါ်မှုအတားအဆီးပေါင်းများစွာရှိခဲ့သည်။ အကြောင်းအရင်းသည်က “ရှမ်းနီ”ဆိုသည့် စကားကြောင့်ဖြစ်သည်။ 

ရှမ်းနီလူမျိုးအကြောင်း၊ ရှမ်းနီဒေသအကြောင်း သူများမသိရှိကြသည်ကလည်း ဆန်းလှသည်တော့မဟုတ်ပေ။ “ ရှမ်းနီ “ ဆိုသည့်ဝေါဟာရ အခေါ်အဆိုများကို ပိတ်ပင်ထားခဲ့ခြင်းများကြောင့်ပင်ဖြစ်သည်။ ၁၀ နှစ်အလွန်ကာလတွင် “ရှမ်းနီ” ဆိုသည့် ပြောဆိုမှုများ အသံများသည် တွင်တွင်ကျယ်ကျယ် တွေ့မြင် ကြားသိလာကြသည်။ ရှမ်းနီအသံသည် ဂျာနယ်ထုတ်ဝေမှုများမှသည် မာတီမီဒီယာလုပ်ငန်းများအထိ တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်ရှိသည့် ရှမ်းနီတိုင်းရင်းသားတို့အကြောင်းများကို မြန်မာနိုင်ငံတဝှမ်းက သိရှိလာခဲ့ကြပြီလည်းဖြစ်သည်။ “ ရှမ်းနီအသံသည် ရှမ်းနီတို့၏ ပုံရိပ်ဖြစ်သည်”  ဆိုသည်နှင့်အညီ ရှမ်းနီဒေသ နဲ့ ရှမ်းနီလူမျိုးတို့၏ အကြောင်းအရာများကို ရှမ်းနီအသံတွင် ပြည့်ပြည့်စုံစုံလေ့လာနိုင်သည်။ ဒါ့အပြင် ယနေ့ခတ် နိုင်ငံရေးအခြေအနေများ​ ၊  လူမှုစီးပွားဘဝအခြေအနေများ၊ လက်နက်ကိုင်တိုက်ပွဲများ ၊ ဌာနေတိုင်းရင်းသားနှင့် လူ့အခွင့်အရေးအကြောင်းများ၊ ရှမ်းနီလူငယ်နှင့် အမျိုးသမီးတို့၏ ပုံရိပ်များကို စာသားဖြင့်သာမက ရုပ်သံများ ၊ Podcast အစီအစဉ်များဖြင့်ပါ ကြည့်ရှုနိုင်အောင် လုပ်ဆောင်နေပြီလည်းဖြစ်ပါသည်။ 

ရှမ်းနီအသံဟာ ငွေကြေးရံပုံငွေယခင်ကတည်းက အားနည်းတဲ့အဖွဲ့တစ်ခုဖြစ်တာကြောင့် ဖြတ်သန်းလာတဲ့ ကာလတစ်လျှောက်လုံးမှာ ငွေကြေးလိုအပ်ချက်က အမြဲရှိဆဲဖြစ်ပါတယ်။ ငွေကြေးလိုအပ်ချက်တွေကြောင့် လူသားအရင်းအမြစ်နည်းပါးတာတွေလည်းကြုံတွေ့ခဲ့ရသည်  ဒီလိုအပ်ချက်တွေသာ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းက ဒီထက်ပိုတိုးတက်လာနိုင်မယ်လို့ ယုံကြည်ပါသည်။ 

ရှမ်းနီအသံဟာ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ပုံရိပ်တစ်ခုအဖြစ် မှတ်ယူထားသလို ရှမ်းနီဒေသတွင်းက ဖြစ်ပေါ်နေတဲ့ သတင်းဖြစ်ရပ်အသီးသီးတွေကိုလည်း အချိန်နဲ့ တပြေးညီ စာဖတ်ပရိတ်သတ်တွေဆီကို အရောက်ပေးပို့နေဆဲဖြစ်ပါသည်။ 

 ရှမ်းနီတွေရဲ့ အသံတွေတိတ်ဆိတ်မသွားဖို့အတွက် ရှမ်းနီအသံရဲ့ စာမျက်နှာတွေကို Follow / Sucribe များပြုလုပ်ထားဖို့ တောင်းဆိုပါရစေ။

ရှမ်းနီအသံ Podcast အစီအစဉ်များ

https://www.youtube.com/playlist…

ရှမ်းနီအသံ ” လူမှုဘဝ” အစီအစဉ် ” ရှမ်းနီမြေမှာ”

https://www.youtube.com/playlist…

ဝက်ဆိုဒ်စာမျက်နှာ https://www.shannivoice.com/

Youtube စာမျက်နှာ https://www.youtube.com/@shannivoice3092

Telegram စာမျက်နှာ https://t.me/shannivoice

TikTok စာမျက်နှာ >>>>>>>>> https://www.tiktok.com/@tvsnv

#promo#shannivoice#ရှမ်းနီအသံ#ရှမ်းနီအသံ#shannivoice#news#burma

Leave a Reply

Your email address will not be published. Required fields are marked *