လုံးခင်းမှာစစ်ကော်မရှင်နဲ့ KIA တို့တိုက်ပွဲပြင်းထန်နေပြီးပြည်သူတစ်ချို့ထိခိုက်မှုတွေရှိနေ

ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်/ ShanNi Voice

နိုဝင်ဘာ ၁၀၊ ဖားကန့်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးတစ်ဝိုက်မှာ ဒီနိုဝင်ဘာလ ၁၀ ရက်နေ့  မနက်ပိုင်းကစလို့  စစ် တပ်နဲ့  KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံများမှ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာတောင်ပေါ်ဘုန်းကြီးကျောင်း၊ ဂေါက်ကွင်း၊ မျောက်ကုန်းနဲ့ လယ်ပြင်အနီးတွေမှာ တိုက်ပွဲဖြစ်ပွားနေတာလို့သိရပါတယ်။

ဒီနေရာများတစ်ဝိုက်မှာဒီမနက်ပိုင်းကစလို့  မှော်စီစာ မိန်းလမ်းမပေါ် Jade Love Restaurant စားသောက်ဆိုင် ကနေ SKY- KTV ကျော်တဲ့အထိ အနီးနားပတ်ဝန်းကျင်တွင် ဒရုန်းဗုံးနှစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံများကပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

ဖားကန့်သွားတဲ့ လမ်းမှာရှိတဲ့ KBC ဘုရားကျောင်းရှေ့မှာလည်း ဒေသခံနှစ်ဦး ထိခိုက်ပြီး တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အဲ့ထဲက တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲချိန်မှာ စစ်ကော်မရှင်က စစ်ကားများဖြင့် အသွားအလာ ပြုလုပ်နေတာဖြစ်ပြီး စစ်ကားတစ်စီးလည်း ထိခိုက်မှုရှိသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ စစ်ကော်မရှင်က အနီးအနား နေအိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်းကကို ဝင်ရောက်ထားတဲ့ တပ်မ ၃၃ ရဲ့ စစ်ကြောင်းတွေဟာ ပြန်လည်ဆုတ်ခွာသွားပြီး တစ်လနီးပါးအကြာမှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *