သောင်သွပ်စော်ဘွား စဝ်ခွန်ဆောင်း နှင့် မဟာဒေဝီ စဝ်နန်းမယ်စိန်တို့၏ တတိယသမီးတော် စောသဥမယ်(ခ) ဒေါ်စောဥမ္မာနွယ်သည် သက်တော် (၈၇) တွင် ကံတော်ကုန်သွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့နေအိမ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့၌ (၉၆)ပါး ရောဂါဖြင့် ကံတော်ကုန်ခဲ့ကြောင်း ၎င်း၏မိသားစုထံမှ သိရသည်။
၎င်း၏ ရုပ်ကလပ်ကိုလည်း ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့၌ မန္တလေးမြို့ တောင်အင်းမြောက်အင်းတွင် မီးသင်္ဂြိုလ်ခဲ့သည်။
၎င်းတွင် မောင်နှမများအဖြစ် စဝ်သစ္စဝါဒီ (ကျမိုင်း) နှင့် စောသမုနွယ် တို့ဖြစ်သည်။
သောင်သွပ်စော်ဘွားစဝ်ခွန်ဆောင်းသည် သောင်သွပ်၏ နောက်ဆုံး စော်ဘွားလည်းဖြစ်ပြီး ၁၉၅၂ ခုနှစ်တွင် စော်ဘွားအာဏာကိုစွန့်ခဲ့သည်။
စော်ဘွားကြီးစဝ်ခွန်ဆောင်းသည်လည်း ၁၉၆၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ကံတော်ကုန်ခဲ့သည်။
သောင်သွပ်သည် ယခုအချိန်တွင် ဟုမ္မလင်းမြို့နယ်ထဲတွင် ကျေးရွာအသစ်အဖြစ်သာ တည်ရှိနေဆဲဖြစ်သည်။