ဟုမ္မလင်းမြို့နယ်လူငယ်သပိတ်ခေါင်းဆောင်ဖမ်းဆီးခံရ

သြဂုတ် ၃၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်ဝင်းစိန်သည် သြဂုတ်လ ၁ ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးခြင်းခံရကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်အတည်ပြုသည် ။

လူထုဆန္ဒပြပွဲများတွင် ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးသည့် ကိုကျော်ဝင်းစိန်သည် မန္တလေးမြို့ဆေးခန်းတစ်ခု၌ ဆေးကုသရန် စောင့်ဆိုင်းနေစဥ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။

 ကိုကျော်ဝင်းစိန်အား သြဂုတ်လ ၂ ရက်နေ့တွင် ဟုမ္မလင်းမြို့သို့ လေယာဥ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရသေးကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဖော်ပြထားသည် ။

ကိုကျော်ဝင်းစိန် မတရားဖမ်းဆီးခံရခြင်းကို ရှုံ့ချကြောင်းနှင့် စိတ်၏ညှဥ်းပမ်းနှိပ်စက်ခြင်း ၊ ကိုယ်၏ ညှဥ်းပမ်းနှိပ်စက်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ပါက ပြုလုပ်သူတို့ တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ 

ရှမ်းနီလူငယ် တစ်ဦးဖြစ်သူ ကိုကျော်ဝင်းစိန်သည် ရှမ်းနီ အမျိုးသားများတပ်မတော် SNA နှင့် ဟုမ္မလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF 124 တို့အကြား နိူင်ငံရေး တင်းမာမှုကြားတွင် ပြေလည်မှုရရန် အစွမ်းကုန် ကြိုးစားခဲ့သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသားအခွင့်အရေးကိုလေးစားပြီး နိူင်ငံရေး သဘောထားမျှတသူ တစ်ဦးလည်းဖြစ်ကြောင်း ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *