ဟုမ္မလင်းမြို့နယ်အတွင်းမှာဖုန်းလိုင်းတချို့ပြတ်တောက်မှုတွေဖြစ်ပေါ်နေ 

 

ဇူလိုင်ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာအများစုမှာ ဖုန်းလိုင်းတွေပြတ်တောက်မှုဖြစ်ပေါ်နေတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဖုန်းလိုင်းပြတ်တောက်မှုတွေက ကျေးရွာအုပ်စုလိုက်ဖြစ်ပေါ်နေပြီး စစ်တပ်ပိုင်တဲ့ မိုင်တဲကလွဲပြီး ကျန်တဲ့ အော်ပရေတာတွေ လိုင်းပြတ်တောက်မှု ၊ ဖုန်းလိုင်းမကောင်းမှုတွေနဲ့ ကြုံနေရတယ်လို့ ဆိုကြပါတယ်။ 

“ လိုင်းက မရတစ်ချက် ရတစ်ချက်အဲ့လိုမျိုးဖြစ်နေတာ အင်တာနက်လိုင်းကတော့ MPT လုံးဝမရဘူး၊ မိုင်တဲကတော့ နည်းနည်းမိတယ်” တယ်လို့ နောင်ပူအောင်ကျေးရွာ ဒေသခံတစ်ဦးက ဇူလိုင်လ (၅) ရက်နေ့မှာ  ပြောပြပါတယ်။ 

ဟုမ္မလင်းမြို့နယ်ရဲ့ နမ့်တောစံပြကျေးရွာဘက်မှာလည်း ဖုန်းလိုင်းတွေကို ဆက်သွယ်ခေါ်ဆိုကြည့်ရာ ဧရိယာပြင်ပကို ရောက်နေတယ်လို့ အော်ပရေတာတွေရဲ့ ဖြေဆိုမှုကိုသာ ကြားရပါတယ်။ 

ဒီလိုလိုင်းတွေပျက်တောက်မှုတွေဖြစ်ပေါ်နေတာ  သုံးရက်ခန့်ရှိနေပြီး  ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ တချို့ကျေးရွာတွေမှာတော့ ဖုန်းလိုင်းမပျက်ကြဘူးလို့လည်းသိရပါတယ်။  

မက်​ဆေ့​လေး​တောင်ပို့မရလို့ပါဗျ ဖုန်တိုင်မ​ပေါ်လည်းဆက်မရ ​​ပေါ်လည်း ဆက်မရ အခုတင် လိုင်​ပေါ်ပြီဟ ဖုန်းခေါ်အုံးမှ ဖုန်လည်း​ခေါ်​ရော လိုင်လည်း မရပြန်​တော့ဘူး အရင်က ooredo wifi​လေးနဲသုံးရ​သေး အခုကြ မရ​တော့ဘူး  တစ်လ ၈​သောင်​ကျော်ဆို​တော့ မထည့်နိုင်​တော့ဘူး” လို့ ရှမ်းနီလူငယ်တစ်ဦးက လိုင်းခဏရတဲ့အခိုက် သူ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လိုင်းပျက်တဲ့အကြောင်း ရေးတင်ထားပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့ကြီး(၄)မြို့ကလွဲပြီး မြို့အားလုံးကို ၂၀၂၂ ခု မတ်လ ၄ ရက်နေ့ကစ အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီး တိုက်ပွဲဖြစ်ပွားမှုတွေရှိတဲ့ မြို့တွေမှာလည်း ဖုန်းလိုင်းအားလုံးက မကြာခဏပြတ်တောက်မှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *