ဩဂုတ် ၂၃ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်ကို Stay at Home အစီအစဉ်ကြေညာခဲ့ပြီးနောက် ဟုမ္မလင်းမြို့ပေါ်ကို ဖြတ်သန်းသွားလာနိုင်ရန် မြို့နယ်ဖြတ်သန်းသွားလာခွင့်ထောက်ခံချက် လက်မှတ်အတွက် ငွေကြေးပေးရကြောင်း စုံစမ်းသိရှိရသည်။
“ ရွာကနေသွားရင် အုပ်ချုပ်ရေးမှူးထောက်ခံချက်နဲ့ပဲ၊ ဟုမ္မလင်းကနေ ဒီကိုပြန်လာရင် ကုတင် ၁၀၀ ဆေးရုံမှာ ထောက်ခံချက်လက်မှတ်သွားယူရတယ်။ ဘာမှလည်းမစစ်ဆေးဘူး ။ ပြီးရင်တစ်ထောင် တောင်းတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။
ဟုမ္မလင်းမြို့ပေါ်ကို ကျေးရွာများမှ ဝင်ထွက်သွားလာမှုအတွက် ကုတင် ၁၀၀ ဆေးရုံတွင် ကျန်းမာရေး ထောက်ခံချက်ရယူပြီးမှ သွားလာရကြောင်းသိရသည်။
ထိုထောက်ခံချက်လက်မှတ်အတွက် ကျန်းမာရေးစစ်ဆေးမှု တစ်စုံတစ်ရာမပြုလုပ်ပဲ အမည်စာရင်း ရေးသွင်းပြီး ငွေကြေးတောင်းခံခြင်းဖြစ်သည်ဟုဆိုသည် ။
ဟုမ္မလင်းမြို့နယ်တွင် Covid19 ရောဂါပွဲကူးစက်မှု ( ၁၆၀၅ ) ဦးရှိပြီး သေဆုံးသူ (၇၆) ဦးထိရှိထားသည်။
ဟုမ္မလင်းမြို့နယ်အတွင်းကိုလည်း ဩဂုတ်လ ၂၃ ရက်ကနေစပြီး လကုန်အထိ နေအိမ်ပြင်ပ သွားလာခွင့်နှင့် စျေးဆိုင်ရောင်းချမှုများကိုလည်း ကန့်သတ်ထားကြောင်းသိရသည်။