ဩဂုတ် ၂၂ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းတွင် ဩဂုတ်လ (၂၃) ရက်နေ့မှ စတင်ပြီး နံနက် (၁၁) နာရီမှ ညနေ (၃) နာရီအထိ နာရေးမှအပ နေအိမ်ပြင်ပ ထွက်ခွာခွင့်လုံးဝမပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာနက ဒေသန္တရအမိန့်တစ်ခုကို ယနေ့ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
“ထွက်ရင်ဖမ်းမှာတဲ့ နေ့လည်က ကြေညာသွားတယ်” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ဆိုသည်။
ထို့ပြင် ဆေးဆိုင် နှင့် အခြေခံစားသောက်ကုန်များကို အချိန်ပြည့်ဖွင့်လှစ်ခိုင်းထားပြီး ကျန်စျေးဆိုင်များသည် နံနက် (၅) နာရီမှ (၁၁ ) နာရီအထိ နှင့် ညနေ (၄) နာရီမှ ညနေ (၇)နာရီ အထိသာ ကန့်သတ်ရောင်းချခွင့်ပြုထားကြောင်းသည်။
၎င်းတို့၏ ထုတ်ပြန်ချက်များကိုမလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၊ ရာဇာတ်သတ်ကြီး ဥပဒေ ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ တို့ဖြင့် အရေးယူမည်ဟုဆိုသည်။
လက်ရှိဒေသန္တရ အမိန့်ထုတ်ပြန်လိုက်သော်လည်း ကျေးရွာများတွင်ထိုကိစ္စရပ်ကို မသိရှိသေးကြောင်း သိရသည်။