အင်းတော်ကြီးဒေသမပြင်ကျေးရွာ ဒေသခံများထံမှ SIM ကဒ်မှတ်ပုံတင်ဖို့ မှတ်ပုံတင်နှင့် ဖုန်းနံပါတ်များကို  ကျပ် ၆ သောင်းဖြင့်  လူတစ်စုက ဝယ်ယူနေ 

မေ ၂၉ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မပြင်ကျေးရွာတွင်  ဒေသခံများထံကနေ ဆင်းကဒ်များ မှတ်ပုံတင်ဖို့အတွက်  မေလ အစမှစတင်ပြီး  အမျိုးသားသုံးဦးပါဝင်တဲ့  လူတစ်စုက လိုက်လံဝယ်ယူနေသည်ဟု ဒေသခံများထံမှ သိရပါတယ်။

  မှတ်ပုံတင်တစ်ခုကို  မြန်မာငွေကျပ်၆သောင်းဖြင့် ဝယ်ယူတာဖြစ်ပြီး   မိမိအကောင့်ကို ရောင်းချမည်ဆိုပါက မိမိ၏မှတ်ပုံတင် ၊ လက်ကိုင်ဖုန်းနံပါတ်များကိုလည်း  ၎င်းတို့က မှတ်တမ်းရယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

  “ မှတ်ပုံတင်ရယ် ဖုန်းနံပါတ်ရယ် လူကိုယ်တိုင်ပါတွေ့ရတာပေါ့နော့ ကိုယ့်အကောင့်ကိုရောင်းတော့မယ်ဆိုရင် အေ့မှတ်ပုံတင်တွေ ဖုန်းနံပါတ်တွေကို သူတို့ကို ပြောပြပေးရတယ် ပြီးရင်သူတို့ယူသွားပြီပေါ့ နောက်ခါကိုယ်သုံးလို့မရတော့ဘူးပါ့ သူတို့က ၆သောင်းနဲ့ဝယ်တာ ဟိုပင်ဘက်ကနေလာတာလို့တော့ပြောတာပဲ” ဟု မပြင်ကျေးရွာတွင်း  နေထိုင်သူတစ်ဦးက အခုလိုပြောပြပါတယ်။

လာရောက်ဝယ်ယူသူတွေဟာ ကျေးရွာအတွင်းက ဒေသခံတချို့နှင့် ချိတ်ဆက်ပြီး  ဝယ်ယူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ရောင်းတဲ့သူတွေသိပ်မများပါဘူး တစ်ချို့သူတွေလဲ ငါတို့ဘာလုပ်တာလဲမဟုတ် ဒီအကောင့်နဲ့စီးပွားရေးလဲမလုပ်  ရောင်းလိုက်ရင် ပိုက်ဆံသုံးရသေးဆိုတဲ့ လူတွေပဲရောင်းကြတာပါ့” ဟု ၎င်းကဆက်ပြောပါတယ်။

ဒေသခံများအနေဖြင့်လည်း ၎င်းတို့ထံ လာရောက်ဝယ်ယူသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း ဂဃနဏမသိရှိကြဘဲ ရောင်းချလိုက်သူတွေအများစုကလည်း မည်သည့်အတွက် ရောင်းချလိုက်ကြသည်ကို မသိရှိကြောင်းဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *