အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်တောင်ခြေတွင်မိုင်း (၅)လုံးပေါက်ကွဲမှုဖြစ်ပွား

မတ် ၁၆ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ နန့်မွန်းတောင်ခြေရှိ  ကျောက်တံတားအနီးတွင်   မတ်လ (၁၆)  ရက်နေ့ မနက် ၇နာရီအချိန်ခန့်  ဗုံး(၅)လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ နန့်မွန်းဒေသခံများထံတွေဆီကနေ သိရပါတယ်။ 

အဆိုပါဗုံး(၅)လုံးက ကြိုတင်လာရောက်ထောင်ထားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ဆိုကြပါတယ်။ 

“ နန့်မွန်း တောင်အဆင်းတောင်ခြေ ကျောက်တံတားမှာကွဲတာ အဲ့ဒီတံတားတစ်ဝိုက် လမ်းတွေမှာ  ထောင်ထားတာနေမှာ မိုင်း(၅)လုံးကွဲတာ ” ဟု မြို့ခံတစ်ဦးက ပြောပြပါတယ်။ 

 ပေါက်ကွဲမှုပြုလုပ်တဲ့အဖွဲ့အစည်းမှာ တော်လှန်ရေးအင်အားစုများ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆို‌နေကြပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာနိုင်ခြေရှိသောကြောင့် လာရောက်ထောင်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဆိုကြပါတယ်။ 

 နန့်မွန်းမြို့တွင် လွန်ခဲ့သည့်၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျဉ်တစ်ခုကို တွေ့ရှိဆော့ကစားမိတာကြောင့် အသက်၁၂နှစ်အရွယ် ကလေးတစ်ဦး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါဖူးပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *