ဒီဇင်ဘာ ၂၅ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာရှိတဲ့ နေအိမ်တစ်ခုကို လူတစ်စုကဝင်ရောက်လာပြီး အိမ်ဆေးလိမ်လည်သုတ်ပေးခဲ့မှုတစ်ခု ဒီဇင်ဘာလ၂၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအိမ်ကို အမျိုးသား (၁၀) ဦးပါဝင်တဲ့ လူတစ်စုက ဆေးပုံးတွေနဲ့ဝင်ရောက်လာပြီး အိမ်ဆေးသုတ်ပေးမည်ဆိုပြီး ဆေးလိမ်လည်သုတ်သွားတာပဲဖြစ်ပါတယ် ။
ဖြစ်စဉ်က အိမ်မှာမိခင်တစ်ဦးတည်းရှိနေစဉ် အဆိုပါလူတစ်စုက ဆေးတစ်ပုံးကို ၈ ထောင်ကျပ်သာ ကျသင့်မည် ဟုဆိုကာ ဆေးသုတ်ပြီးစီးသွားသည့်အချိန်တွင် ၁၀သိန်းကျပ် တောင်းခံခဲ့ပါတယ် လို့ အိမ်ရှင်ရဲ့သမီးဖြစ်သူက ပြောပြပါတယ်။
‘ သူတို့ကလာအိမ်ကိုလာပြီး အိမ်ဆေးစမ်းသုတ်ချင်လို့လို့ ပြောတယ် တစ်ပုံးကို၈၀၀၀ ကျတယ်ပေါ့။ သူတို့ကဆေးကိုမှုတ်သွားတာ မှုတ်တာကလည်းဟိုဘက်တစ်ကွက် ဒီဘက်တစ်ကွက်အေ့လို မှုတ်သွားတာ အေ့လိုမှုတ်လိုက်တော့ အရမ််းကြည့်ရဆိုးသွားတယ် အဲ့လိုဆိုတော့ လုံးဝကိုမမှုတ်မနေရတော့ဘူး။ မတို့်အိမ်ကကြီးတယ် ပုံမှန်သုတ်မယ်ဆိုတောင် သုံးရက်လောက်အချိန် ယူပြီး သုတ်ရမယ့်ဟာကိုလေ ဖြစ်ကတတ်ဆန်း သုတ်သွားတာ လက်ရာလဲမသေသပ်ဘူး ဆေးတွေကလဲစီးကျလို့ ကွက်လဲကွက်တယ် ကုန်ကျစရိတ်ကိုဆယ်သိန်းတောင်းတယ် နောက်တော့၈ သိန်းလျော့တောင်းတယ် နောက်၆သိန်းခွဲပေးလိုက်တယ် ကျမအမက ဆွဲကြိုးချွတ်ရောင်းပြီးပေးလိုက်တယ်’ ဟုအိမ်ရှင်ရဲ့သမီးက ပြောပြပါတယ်။
နန့်မွန်းမြို့မှာလည်း အိမ်တစ်ခြမ်းကိုဆေးသုတ်ပြီး လေးသိန်းကျပ်တောင်းခံမှုလည်း မကြာသေးမီက ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်
အင်းတော်ကြီးဒေသမှာ ၎င်းဖြစ်စဉ်နည်းတူ အိမ်ဆေးလိမ်လည်သုတ်ခံရမှုတွေ အများအပြားဖြစ်ပွားခဲ့ဖူးပေမယ့် သက်ဆိုင်ရာတွေကို တိုင်တန်းတာတွေမရှိသေးဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။
ဆေးလိမ်လည်သုတ်တဲ့အဖွဲ့ဟာလည်း မိုးညှင်းမြို့နယ် အပါအဝင် အင်းတော်ကြီးဒေသ နဲ့ တခြားဒေသတွမှာ အဲ့လိုသလို လိမ်လည်ဆေးသုတ်နေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုကြပါတယ်။
အဆိုပါလူတစ်စုက မသိနားမလည်သော သက်ကြီးရွယ်အိုများရှိနေအချိန်တွင် လာရောက်လိမ်လည်ကြတာလို့လည်း လိမ်လည်ဆေးသုတ်ခံလိုက်ရတဲ့ နေအိမ်တွေကနေစုံစမ်းသိရှိရပါတယ်။
မေလမှာလည်း မိုးညှင်းမြို့နယ် ရွာသစ်ကြီးကျေးရွာတွင် အခုလိုအိမ်ဆေးလိမ်လည်သုတ်ခံရခြင်းကို ဒေသခံတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။