ဖေဖော်ဝါရီ ၂ဝ ၊ အင်းတော်ကြီး
အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားသွားသည့် လမ်းကို ဒေသခံရှမ်းနီများက ယနေ့ ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့ မနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
တပို့တွဲလတွင် အင်းတော်ကြီးကန်ရေသည် လျှော့ကျလာပြီးနောက် ဘုရားသွားသည့်လမ်းတွင် ရေညှိများနှင့် ရေမှော်ပင်များ ကျန်ရစ်ခဲ့သည်။
ကျန်ရစ်ခဲ့သည့် ထိုရေညှိနှင့် ရေမှော်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းပြုလုပ်ကြသည်။
ထိုစုပေါင်း သန့်ရှင်းရေးပြုလုပ်မှုများသည် နှစ်စဉ်နှစ်တိုင်းဒေသခံများက တပို့တွဲလတွင် ပြုလုပ်ကြသည်။
ယခုနှစ်တွင် ကိုဗစ်နိုင်တင်းရောဂါအခြေအနေများကြောင့် အင်းတော်ကြီး ရွှေမဥ္ဇူရေလည်ဘုရားပွဲကို ကျင်းပမည်မဟုတ်ကြောင်း ဒေသခံများနှင့် သံဃာတော်များက သဘောတူညီ ဆုံးဖြတ်ထားသည်။