အသက်မပြည့်သေးတဲ့ ရှမ်းနီမိန်းကလေးငယ်နှစ်ဦးကို KIA အရာရှိက အဓမ္မကျင့်ခဲ့

စျေးရောင်းသွားတဲ့ အသက်မပြည့်သေးတဲ့ ရှမ်းနီအမျိုးသမီးငယ် နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးက ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်မှာ တည်ရှိတဲ့ နမ့်နစ်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က အဓမ္မကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဗန်းမောက်မြို့နယ် စာခမ်းကျေးရွာသူများဖြစ်ကြတဲ့ မနန်းပွင့်ဖြူ(အမည်လွဲ) (၁၅) နှစ် နဲ့ မနန်းဟေမာန်(အမည်လွဲ) (၁၅) နှစ် ညီအစ်မဝမ်းကွဲတော်စပ်သူ နှစ်ဦးဟာ KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာရှိတဲ့ နမ့်နစ်ကျေးရွာကို စျေးရောင်းသွားရင်း KIA အရာရှိဆိုသူက တောထဲသို့ ခေါ်ယူ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်တယ်လို့ ကာယရှင် တွေက ဝန်ခံပြောကြားခဲ့ပါတယ်။

“စျေးဆိုင်မှာနေနေတုန်း လာခေါ်ပြီး တောထဲမှာ ဖြစ်တာရှင့်”ဟု အဓမ္မပြုခံရသူတစ်ဦးဖြစ်သည့်မနန်းပွင့်ဖြူကပြောပါတယ်။

အဓမ္မကျင့်ခံရသည့် ရှမ်းနီအမျိုးသမီးငယ်တွေဟာ နမ့်နစ်ကျေးရွာဘက်ကို ပထမဆုံးအကြိမ် အဖြစ်စျေးရောင်းသွားရင်း အခုလို ဖြစ်ရတာလို့လည်း သိရပါတယ်။

KIA စတင်တည်ထောင်သည့် ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ အလားတူဖြစ်စဉ်မျိုး အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း ရှမ်းနီအမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *