အာဂျင်တီးနား တရားရုံးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်ခေါင်းဆောင်ပိုင်းများကို ဖမ်းဝရမ်းထုတ် 

ဖေဖော်ဝါရီ ၁၄ ၊ ယူကေ 

အာဂျင်တီးနားတရားရုံးကနေ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင်  တပ်ခေါင်းဆောင် ၂၃ ဦးကို ဖမ်းဆီးမိန့်တစ်ရပ်ကို မနေ့က ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ 

“ဒါဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာစစ်တပ်အောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတိုင်းအတွက် တရားမျှတမှုအတွက် သမိုင်းဝင် ခြေလှမ်းတစ်ခုပါ၊ ကမ္ဘာတဝှမ်းမှာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုတွေ ကြီးထွားလာချိန်မှာ နိုင်ငံတကာ တရားမျှတမှုအတွက် အောင်ပွဲတစ်ခုလည်း ဖြစ်ပါတယ် ” လို့  မြန်မာရိုဟင်ဂျာ အဖွဲ့ (BROUK)  ၏ ဥက္ကဌ ဦးထွန်းခင်က က ဆိုပါတယ်။ 

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ၏ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နှင့် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့က ၂၀၁၉  ခုနှစ်မှာ  အသနားခံစာဖြင့် အမှုဖွင့်ခဲ့ကြတာဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ  အသက်ရှင်ကျန်ရစ်သူ ရိုဟင်ဂျာ အမျိုးသမီး ခြောက်ဦးရဲ့ထွက်ဆိုမှု တွေပါဝင်ခဲ့ပါတယ်။ 

အဆိုပါ စုံစမ်းစစ်ဆေးမှုအား မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) မှ ထောက်ခံထားပါတယ်။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ စစ်ဦးစီးချုပ် စိုးဝင်းတို့လို ကွပ်ကဲမှု တာဝန် ရှိတဲ့ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များလည်းပါဝင်ပါတယ်။ 

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာကျေးရွာကို တိုက်ခိုက်စဉ် သတ်ဖြတ်မှုနှင့် မုဒိမ်းမှု တိုက်ရိုက်ကျူးလွန်သူမှုတွေ နဲ့ တပ်အရာရှိငယ်တွေရဲ့ စာရင်းလည်းပါဝင်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇ၀တ်တရားရုံး  ICC မှာ ဖမ်းဝရမ်းထုတ်ဖို့အတွက် ရှေ့နေချုပ် Karim Khan က တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *