အာဏာသိမ်းပြီး၁၈လအကြာအလုပ်ကိုင်၁.၁သန်းနည်းပါးသွားတယ်လို့ ILO ခန့်မှန်း

2021 ခုနှစ် အာဏာသိမ်းပြီးတဲ့ ၁၈ လအကြာမှာ မြန်မာနိုင်ငံအတွင်းက အမျိုးသား/အမျိုးသမီးတွေရဲ့အလုပ်အကိုင် ၁.၁ သန်းနည်းပါးသွားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) ဖွဲ့ရဲ့ ခန့်မှန်းချက်အသစ်မှာဖော်ပြလာပါတယ်။ 

မြန်မာနိုင်ငံက ILOs အရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်ကအာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှု လက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင် အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ လုပ်သားကုန်ထုတ်မ်းအားက ၈ ရာခိုင်နှုန်း ကျုံ့သွားပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ နောက်ထပ် ၂ ရာခိုင်နှုန်းထပ်မံကျုံ့ဆင်းသွားတယ်လို့ဆိုပါတယ်။ 

ဒီလိုကျဆင်းသွားမှုတွေက အလုပ်သမား အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများစွာအဖို့ ဆိုးရွားလှတဲ့ အလုပ်အကိုင် အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရလျက်ရှိနေတယ်လို့ ILO က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လုပ်ငန်းကဏ္ဍတွေက လုပ်ငန်းတွေနဲ့ အလုပ်သမားတွေရဲံ နစ်နာမှုတွေရှိခဲ့ပြီး အထည်ချုပ်လုပ်ငန်းတွေမှာဖြစ်ပေါ်နေတဲ့ နေ့စားအဖြစ်လုပ်ကိုင်နေရတာတွေ၊ အလုပ်ချိန်ပုံမှန်မရှိတာတွေနဲ့ အလုပ်ရပ်ရဲခံရတဲ့အခါ နစ်နာကြေးအကျိုးခံစားခွင့်တွေကို မပေးဆောင်မှုတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ဩဂုတ်လ ၁ ရက်နေ့မိန့်ခွန်းမှာ လာမယ့် ၆ လအတွင်းမှာ အလုပ်လုပ်သူတိုင်းဝင်ငွေတွေရရှိလာအောင်လုပ်ဆောင်မယ်လို့ဆိုထားပြီး ၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ထွက်လာဖို့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *