အွန်လိုင်းလောင်းကစားများကိုဒေသတွင်းတွေမှာအရေးယူတားဆီးမှုတွေမရှိနေဘူးဟုဆို

အောက်တိုဘာ ၂၇ ၊ မိုးညှင်း 

မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်များအတွင်း   အွန်လိုင်းကနေ လောင်းကစားပြုလုပ်နေသူများကို အရေးယူတားဆီးမှုတွေ မရှိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

အွန်လိုင်းလောင်းကစားများဖြစ်တဲ့ 2d ၊3d ၊ကာစီနို၊ ရှမ်းကိုးမီး အစရှိတာတွေအပြင် တစ်ခြားလွယ်လင့်တကူ  ဆော့ကစားနိုင်တဲ့ လောင်းကစား အမျိုးအမည်စုံလင်စွာ ရှိနေကြပြီး အများဆုံးဆော့ကစားနေသူများက အသက်မပြည့်သေးသော ကလေးငယ်များနှင့် လူငယ်များသာ ဖြစ်ပါတယ်။ 

   “ တရားဝင်ပုံစံမျိုး Live လွှင့်ပြီးချပြတာတွေ အေ့လို  လောင်းကစားတွေနဲ့ လူငယ်တွေကို ဆွဲဆောင်ကြတယ် ဆွဲဆောင်ကြတဲ့အခါမှာ လူငယ်တွေအတွက် လမ်းမှားရောက်နိုင်ချေပိုများတယ် ။ တရားဥပဒေကလည်း ခေတ်ပျက်ပြီးတဲ့နောက်ပိုင်း အလှမ်းဝေးနေတဲ့ အခြေနေမျိုးမှာရှိနေတယ်” လို့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက လူငယ်တစ်ဦးက ပြောပါတယ်။ 

အွန်လိုင်းစာမျက်နှာတွေကနေ အုပ်စုဖွဲ့ပြီး လောင်းကစားပြုလုပ်ရတဲ့ Application များစွာလည်းရှိနေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်ကမှာ ငွေသိန်းထောင်နှင့်ချီ လိမ်လည်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ 

“ ဒီမှာက အဲ့ဒီဘောလုံးဂိမ်းဆိုလား ပိုက်ဆံထည့်လိုက်ရင် အမြတ်ပြန်ရတဲ့ဟာ အဲ့တာလိမ်ခံလိုက်ရပြီ။ ရွာထဲက ကလေးမဆို ငါးသိန်း၊ တချို့ဆို ၃ သုံးအဲ့လိုတွေနဲ့ အစကတော့ ရကြတာပါ့၊အခုတော့ လိမ်သွားပြီကော” လို့ အင်းတော်ကြီးအရှေ့ကမ်းဒေသခံ တစ်ဦးက ပြောပြပါတယ်။ 

အွန်လိုင်းလောင်းကစားတွေအတွက်  လောင်းကြေးတောင်းခံတာတွေ၊ လောင်းကြေးဖွင့်တာတွေ၊ လောင်းကစားကို အားပေးကူညီတာ ၊ လှုံဆော်တာ ၊သိမ်းသွင်းတာ စသဖြင့် တစ်နည်းနည်းဖြင့်ပြုလုပ်နေသူများကို အရေးယူမှုပြုနိုင်တယ်ဟု မိုးကောင်းမြို့ရှိ ရှေ့နေ့တစ်ဦးမှ ယခုလို ပြောပြပါတယ်။

“အမျိုးအစားလိုက်ပြီးတော့မှ သူကပုဒ်မကတော့ကွာမှာပေါ့ အများအားဖြင့်ကတော့ ပုဒ်မ(၁၅)နဲ့ အရေးယူလို့ရမယ် အနည်းဆုံးတစ်လ ကနေ အများဆုံးက ခြောက်လပေါ့ တစ်လနဲ့ခြောက်လကြားပေါ့” 

ယခုလို ဖမ်းဆီးအရေးယူမှုတွေပြုလုပ်လို့ရနေပေမယ့် ဒေသတွင်းရပ်ကွက်တွေရှိ ရပ်ရွာလူကြီး ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေက တားဆီးအရေးယူတာတွေ မရှိနေဘူးဟု သိရပါတယ်။ 

“ရပ်ကွက်လူကြီးတွေကနေပြီးတော့ တားဆီးနိုင်ခြင်းရှိမရှိကတော့ တိုင်ကြားမှုရှိမှပဲ ဒါတွေကို လုပ်ဆောင်ကြတာမျိုးကိုပဲတွေ့ရတယ်ဗျ တိုင်ကြားမှုမရှိရင် ကိုယ်နဲ့မဆိုင်သလို အေ့လိုမျိုးနေနေကြတယ်’ဟု  လူငယ်တစ်ဦးက ဆိုပါတယ်။

အွန်လိုင်းလောင်းကစားတွေအတွက် ငွေသွင်းငွေထုတ်အားလုံးကို အွန်လိုင်းကနေ ငွေပေးချေရတဲ့  Mobile payment တွေကို အဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အွန်လိုင်းလောင်းကစား နှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုတွေက အာဏာသိမ်းပြီးနောက်ပိုင်း ပိုဖြစ်ပွားခဲ့ပေမယ့် အရေးယူခြင်းမရှိကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *