၂၁၁၈ရှမ်းနှစ်သစ်ကူးကိုအင်းတော်ကြီးဒေသရှိကျေးရွာတွေမှာအကျဉ်းချုံးသာပြုလုပ်မည်

ဒီဇင်ဘာ ၄ ၊ အင်းတော်ကြီး 

   ရှမ်းနှစ်၂၁၁၈ခုနှစ် နှစ်သစ်ကူးကို အင်းတော်ကြီးဒေသမှာ  ပွဲတော်အဖြစ် မပြုလုပ်တော့ဘဲ  ဒေသတွင်းရှိ ကျေးရွာအသီးသီးမှာ ရိုးရာမပျက်အကျဉ်းချုံးသာ ပြုလုပ်သွားကြမှာဖြစ်တယ်လို့  ဒေသခံများထံမှ သိရပါတယ်။

   “ နှစ်သစ်ကူးက အကျဉ်းချုံးလေး ဘုန်းကြီးဆွမ်းကပ်တာလေးလောက်ပဲ နန့်မီးလောင်မှာ လုပ်မယ်လို့စီစဉ်ထားတယ် ရေလည်ဘုရားမှာတော့ မလုပ်ဖြစ်တော့ဘူးထင်တယ် ရွာတွေမှာပဲ လုပ်ကြမှာ ကိုယ့်ရွာသူ့ရွာပေါ့ ကိုယ်တတ်နိုင်တာလေးနဲ့ နန့်မွန်းလဲလုပ်မယ်တဲ့ အစီအစဉ်တွေတော့ရှိထားကြတယ်” ဟု အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ခေါင်းဆောင်က  ပြောပြပါတယ်။

    အင်းတော်ကြီးဒေသ နန့်မီးလောင်ကျေးရွာအတွင်းရှိ နှီးဘုရားကြီးကျောင်းဝင်းအတွင်းမှာ  ရှမ်းနီနှစ်သစ်ကူးကြိုဆိုမှုကို ဆွမ်းကပ်လှူခြင်း၊ရှမ်းနီရိုးရာယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေခြင်း၊ ကျွေးမွေးဧည့်ခံခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုပါတယ်။ 

အင်းတော်ကြီးဒေသဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ရှမ်းနီရိုးရာ ကောက်ဦးဆွမ်းကပ်လှူပွဲကျင်းပဖို့ အလှည့်ကျ လက်ခံထားရပေမယ့် အခုနှစ်လည်း ထပ်မံရွေ့ဆိုင်းထားလိုက်တာလည်းဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းနီနှစ်သစ်ကူးပွဲပြုလုပ်မှုကို ဗန်းမောက်မြို့နယ်မှာ ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် နှစ်စဉ်ကျင်းပနေတဲ့  အင်းတော်ကြီး ဒေသလုံးဆိုင်ရာရှမ်းနီနှစ်သစ်ကူးပွဲကိုတော့ အိုင်လေးတူကျေးရွာက ပြုလုပ်ဖို့လျာထားပြီး ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ပွဲတော်မကျင်းပနိုင်ဘဲ ရွေ့ဆိုင်းထားရမှုမှာ (၄) နှစ်တာရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *