ဆိပ်မူကျေးရွာသာယာကုန်းအနီးလူငယ်တစ်ဦးရိုက်လုခံရပြီးသေဆုံး 

မေ ၃၀ ၊ ဖားကန့် 

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ သာယာကုန်းအနီးတွင် မေလ ၂၈ ရက်နေ့ ညက လူငယ်တစ်ဦး ရိုက်နက်လုယက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သူ့မိသားစုနှင့် နီးစပ်သူတွေဆီကနေ  စုံစမ်းသိရှိရပါတယ်။ 

မေလ ၂၈ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ဆိပ်မူကျေးရွာ သာယာကုန်းအနီးမှာ  အသက် ၃၀ ကျော်အရွယ်  ကိုစောဘိုဘိုကို  အတူပါလာသူနှစ်ဦးက  ရိုက်နက်ပြီး   ဖုန်း ၊ ကျောက်စိမ်း ၊ ပိုက်ဆံများကို  လုယက်သွားခဲ့တယ်လို့ ဖြစ်စဉ်ကို သိသူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။  

ကိုစောဘိုဘိုကို လူနှစ်ဦးက ကျောက်စိမ်းပြမယ်ဆိုပြီး ခေါ်ဆောင်သွားရာကနေ ဆိပ်မူကျေးရွာ  ဘစံချောက်အနီးမှာ အဲ့ဒီလူနှစ်ဦးက ရိုက်နက်ပြီး လုယက်သွားခြင်းဖြစ်တယ်လို့ သူကပြောပြပါတယ်။ 

“ ညဘက်ကို ကျောက်ခေါ်ပြမယ်ပေါ့ပြောတာနဲ့ သူကလည်းကျောက်ဝယ်မယ်ပေါ့လိုက်သွားတာ သူကကားမရှိတော့ ဆိုင်ကယ်နဲ့လိုက်သွားတာ ကျောက်ပြမယ့်လူနှစ်ယောက်က ဟိုးဆိုင်းတောင်ကနေ   ဘစံချောက် တရုတ်ဘုံနားအတက်လေးရောက်တော့  အစကသူတို့ကကျနော်တို့လည်း ဆိုင်ကယ်မပါဘူးပေါ့နော်  ဘောစိဆိုင်ကယ်နောက်လိုက်ခဲ့မယ်လို့ပြောပြီး ခေါ်သွားကြတာပေါ့  အေ့နားလေးရောက်တော့ သူတို့နှစ်ယောက်က ဆိုက်ကယ်ပေါ်ကနေ ဆွဲချပြီးတော့ ရိုက်ပေးလိုက်တာ အရေးပေါ်ဆေးရုံပို့ပေးလိုက်တော့ ဆေးရုံရောက်တော့ဆုံးသွားတယ်” 

သူ့ကို ဆိပ်မူကျေးရွာကနေ ဖားကန့်ဆေးရုံကို ခေါ်ဆောင်သွားပြီး ဖားကန့်ဆေးရုံကနေ မြစ်ကြီးနားဆေးရုံသို့ ဆေးကုသဖို့ လွဲပြောင်းပို့ဆောင်ခါနီးတွင်  သေဆုံးသွားကြောင်း သူ့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။  ဆိုပါတယ်။ 

ဖားကန့်မြို့နယ်မှ မေလအတွင်း လုယက်မှုများ၊ သတ်ဖြတ်မှုများ၊ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုများ ငါးကြိမ်ထက်မနည်းရှိနေပြီး ဓားပြတိုက်မှုများလည်း အခုရက်ပိုင်းဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *