NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်းပြီးဖက်ဒရယ်ဦးဆောင်ကောင်စီတီဖွဲ့စည်း

မတ် ၃၁ ၊ ချင်းမိုင် 

NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA, KNU, KNPP  နဲ့ CRPH တို့စုပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ကြေညာလာပါတယ်။ 

ကောင်စီရဲ့ အဓိကရည်ရွယ်ချက် (၆) ခုချမှတ်ထားပြီး စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှုတွေကို အပြီးတိုင်အဆုံးသတ်ဖို့ ၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝထားရှိဖို့ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဖျက်သိမ်းဖို့အတွက် ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်ဖို့ ၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဌာန်းဖို့လည်း ပါဝင်ပါတယ်။ 

“ တစ်မူတည်း ၊ မဟာဗျူဟာ တစ်ခုတည်း” မူဝါဒကိုကျင့်သုံးသွားဖို့ရှိနေပြီး စစ်ရေး၊ နိုင်ငံရေး ၊အုပ်ချုပ်ရေးကဏ္ဍတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ 

“ ကောင်စီဟာ တော်လှန်ရေးအရ ပြတ်ပြတ်သားသားဖြစ်ရမယ်။ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရမယ်လို့ခံယူပါတယ်။ ဒါ့အပြင် စစ်ရေးအရ ကျစ်လစ်သော မဟာမိတ်အင်အားစုကိုအခြေခံပြီး စနစ်ကျနတဲ့ ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်နေကြောင်းပြောလိုပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ကောင်စီဖွဲ့စည်းခြင်း မိန့်ခွန်းထဲ ပြောဆိုထားပါတယ်။ 

ပြည်နယ်/ဖက်ဒရယ်ယူနစ် မှာနေထိုင်သူတွေဟာ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြပြီး “ မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ( Shared Sovereignty) မူ နဲ့  နိုင်ငံရေးဆုံးဖြတ်ချမှတ်ရာမှာလည်း “စုပေါင်းခေါင်းဆောင်မှု” ပုံစံဖြင့် ဆောင်ရွက်သွားမယ်လို့ပြောဆိုထားပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ  (SCEF)ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) ၊ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ။အမျိုးသားညီညွတ်ရေးအစိုးရ (NUG/PDF) တို့ပါဝင်တာဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *