Covid 19 ပညာပေးမှုအားပေးနေသည့် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာန နှင့် အရပ်ဘက်အဖွဲ့အစည်းများက Mask Capain ကို ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
“ တစ်နေရာနဲ့ တစ်နေရာတော့မတူဘူး ၊ မက်မတပ်တဲ့သူတွေကို အရေးယူတာတွေတော့ရှိတယ်။ မက်ကတော့ တပ်ကိုတပ်ရမှာပေါ့လေ ။ အခုဟာက အသိပညာပေးတာအားနည်းတယ်။ လက်ဆေးနည်းတို့၊ မက်ဘယ်လိုတပ်ရမယ်ဆိုတာ မသိရဘူး။ ပညာပေးမယ့်အဖွဲ့အစည်းဆိုတာတွေလည်းမရှိကြဘူး။ တစ်ဖွဲ့မှမရှိဘူး။” ဟု New Gengeration မှ ခေါင်းဆောင် နန်းယွန်းနဒီခိုင်က ပြောသည်။
Mask Campaign တွင် ဗန်းမော်ခရိုင်လူငယ်ရေးရာမူဝါဒကော်မတီ ၊ ကြက်ခြေနီအသင်း၊ ဗန်းမော် Youth Network နှင့် New Gengeration အဖွဲ့များက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ၎င်းကဆိုသည်။ မံစီမြို့နယ် ကပ်လျှက်ရှိနေသည့် ဗန်းမော်မြို့တွင် Covid 19 လူနာအမှတ် ၂၄၉ တက်ရောက်ဆေးကုသလျက်ရှိနေသည်။
“ Mask Campaign တွေကိုဆက်လုပ်မလားမလုပ်ဘူးလားဆိုတာတော့ Covid 19 အခြေအနေပေါ်မူတည်တယ်။ ထပ်တိုးတယ်ဆိုရင်တော့ လုပ်ရမယ်။” ၎င်းကဆိုသည်။