Covid19 ရောဂါပိုးက ဩဂုတ်လ တစ်လအတွင်းမှာ လူဦးရေ ကိုးရာ့တစ်ဆယ့်ကိုးဦးအထိ ကူးစက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
လနဲ့ချီ သေဆုံးသူမရှိခဲ့တဲ့ Covid19 ကူးစက်မှုက ဩဂုတ်လမှာပဲ သေဆုံးသူ (၂) ဦးထိရှိခဲ့တာလည်းဖြစ်ပါတယ်။
ဩဂုတ်လအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲဖြစ်တဲ့ အိုမီခရွှန် နဲ့ သူ့ရဲ့မျိုးရိုးဗီဇပြောင်း ပိုးအမျိုးမျိုးကို စစ်ဆေးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတွေအနေနဲ့လည်း ကာကွယ်ဆေးထပ်ဆောင်းအပိုထိုးနှံဖို့အတွက် စစ်ကောင်စီဘက်က သတင်းစာတွေမှာတိုက်တွန်းထားပါတယ်။
ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး NUG ကျန်းမာရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ ၃ နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၅,၀၃၀ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၃,၄၉၅ ယောက် ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။