ဟုမ္မလင်းနဲ့ နာဂဒေသတွေမှာ ဖုန်းလိုင်းနဲ့ဂြိုဟ်တုအင်တာနက်စနစ်မြှင့်တင်

ဂြိုဟ်တု ဆက်သွယ်ရေးတာဝါတိုင်များကိုတွေ့ရစဉ်/Credit

ဩဂုတ် ၁၈ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလလင်းမြို့နယ် ၊ ဖောင်းပြင်မြို့နယ် နဲ့ လဟယ်မြို့တွေမှာ ဆက်သွယ်ရေးလိုင်းတွေကို ပြန်လည်အဆင့်မြင့်တင်နေတယ်လို့ တိုင်းဒေသကြီး ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဟုမ္မလင်းမြို့ပေါ်မှာ ဆက်သွယ်ရေးအတွက် GSM လိုင်းစနစ်အသုံးပြုလို့ရတဲ့ တာဝါတိုင် (၁၅) ခုဟာ ဖုန်းခေါ်ဆိုမှုနဲ့ စာတို(မက်ဆေ့)ပေးပို့လို့ရအောင်လုပ်ဆောင်ထားပြီး အဝေးဆက်ကြောင်း Telecommunications ) ကေဘယ်ကြိုးတွေဟာ အခက်အခဲဆက်ဖြစ်နေဆဲလို့ဆိုပါတယ်။ 

ဖောင်းပြင်မြို့မှာတော့ ကြိုးမဲ့စနစ်ဖြစ်တဲ့ (Microwave) နဲ့ ဖိုက်ဘာဆက်ကြောင်းတွေ တပ်ဆင်ထားပေမယ့် မကြာခဏဆိုသလိုလိုင်းပြတ်တောက်မှုများဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ 

ဖုန်းလိုင်းကို မြို့ပေါ်တွေမှာသာ ရရှိနေပြီး အင်တာနက်အသုံးပြုနိုင်ရေးအတွက် Starlink အင်တာနက်တွေကိုသာ ဆက်လက်အသုံးပြုနေရဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ လက်ရှိအသုံးပြုနေတဲ့  (၁ . ၂ )မီတာရှိတဲ့ Ku-Band ဂြိုဟ်တုမှာ ဗန်းသေးပြီးဝပ်အားနည်းတာကြောင့် ရာသီဥတုအလိုက်ဖုန်းလိုင်း အတက်အကျနဲ့ ပြတ်တောက်ခြင်း၊ လိုင်းကြပ်ခြင်းတို့ ဖြစ်ပေါ်မှုကြောင့်  အခု (၂ . ၄ )မီတာရှိတဲ့ C-Band ဂြိုဟ်တုစနစ်ကို ထပ်မံတိုးချဲ့တပ်ဆင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။

လဟယ်မြို့မှာ ဩဂုတ် (၁၂) ရက်နေ့ကတပ်ဆင်ခဲ့တာဖြစ်ပြီး ဒေသခံများအတွက် အရင်ကထက်ဖုန်းခေါ်မှုတွေနဲ့ စာတို(SMS) ပေးပို့မှုအပြင် မြို့အတွင်းသတ်မှတ်ထားတဲ့ နေရာတွေမှာအင်တာနက်အသုံးပြုခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဒေသတွေဟာ လုံခြုံရေးအခြေအနေနဲ့ နယ်မြေဒေသမတည်ငြိမ်မှုတွေကြောင့် (၂၀၂၄) ခုနှစ် ဇွန်လမှစပြီး ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *