KIA နှင့် စစ်ကောင်စီတိုက်ပွဲကြောင့်တိမ်းရှောင်ခဲ့ သည့် ရှမ်းစစ်ရှောင်များ နေရပ်ပြန်သွားကြပြီ

စက်တင်ဘာ ၆ ၊ မိုးမောက် 

ဧပြီလ (၁၁)​ ရက်နေ့ကတည်းကစတင်ခဲ့သည့်  KIA နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် မန်နောင်ကျေးရွာသို့ တိမ်းရှောင်ခဲ့ရသည့် ရှမ်းစစ်ရှောင်များ နေရပ်ပြန်သွားပြီဖြစ်ကြောင်း ၎င်းစစ်ရှောင်များကို ကူညီပေးခဲ့သူများထံမှ သိရသည်။​

“​ နည်းနည်းတော့ ကျန်သေးတယ်။​  ၆ အိမ်ထောင်စုလားမသိဘူး ။ရွာထဲနေကြတာ။ ရက်တော့အဲ့လိုမမှတ်ထားမိဘူး။ နီးတော့ပြန်သွားလိုက် ။ဖြစ်တော့ပြန်လာလိုက်နဲ့” ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ ဒေသခံတစ်ဦးဆိုသည်။

ဇွန်လကစပြီး တိုက်ပွဲများပြန်တည်ငြိမ်ခဲ့ပြီး​​​နောက် စစ်ရှောင်များကနေ့ဘက်တွင် ၎င်းတို့ကျေးရွာသို့ လယ်ယာစိုက်ပျိုးရေးအတွက် သွားရောက်လုပ်ကိုင်ပြီး ညဘက််တွင် ပြန်လာခဲ့ကြသည်။ 

တိုက်ပွဲများသည် ဇွန်လကုန်နောက်ပိုင်း တည်ငြိမ်လာခဲ့ပြီးနောက် တဖြည်းဖြည်း နေရပ်ပြန်သွားကြခြင်းဖြစ်သည်။ 

တိုက်ပွဲကြောင့် ကျေးရွာအတွင်းလက်နက်ကြီးများကျရောက်မှုများ ၊ တိုက်ပွဲအရှိန်မြင့်တက်မှုများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများက တိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့သည် မန်နောင်ကျေးရွာနှင့်အနိီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ ၊ မိုးမောက်မြို့ပေါ် ရပ်ကွက်များ ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗန်းမော်မြို့ပေါ်သို့တွင် တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။ 

မိုးမောက်မြို့နယ်ရှိ မြို့သစ် ၊ မင်းကျမ်း ၊ စီဟက် ၊ ပန်ဟိုင်းချို ၊ နောင်ကုန် ၊ နောင်ကွမ် ၊ မခွယ် စသည့်ကျေးရွာများမှ တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *