NCA (၈) နှစ်ပြည့်အခမ်းအနားတက်ခဲ့သည့် ABSDF ဒုဥက္ကဌအပါအဝင်သုံးဦးကိုတာဝန်ကရပ်နား

 အောက်တိုဘာ ၁၇ ၊ နေပြည်တော် 

စစ်ကောင်စီဦးဆောင်ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ABSDF ဒုဥက္ကဌ အပါအဝင် သုံးဦးကို တာဝန်ကနေ ရပ်နားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် ABSDF က) ဗဟိုကော်မတီက ၎င်းတို့ရဲ့ နိုင်ငံရေး နှင့်  စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုပ်သိမ်းကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာတာလည်းဖြစ်ပါတယ်။

ထိုပွဲကို   ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း နှင့် ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်စောမောင်မောင်ဦး နှင့် ရဲဘော်မင်းမင်းတို့ တက်ရောက်ခဲ့ကြတာလဲဖြစ်ပါတယ်။

  သူတို့သုံးဦးက ABSDF က  ချမှတ်ထားသော မူ ၊ သဘောထား ၊ ရပ်တည်ချက်များနဲ့ ဆန့်ကျင်နေတာကြောင့်  ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့  ဆိုပါတယ်။ 

ABSDF က စစ်ကောင်စီကျင်းပတဲ့ NCA  ၈ နှစ်ပြည့်အခမ်းနားကို တက်ရောက်မှာ မဟုတ်ကြောင်းနဲ့ NCA က ပျက်ပျယ်ပြီဖြစ်ကြောင်း  ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် KNU , CNF တို့နဲ့ ပူးတွဲ ထုတ်ပြန်ချက်ထုတ်ပြန်ထားခဲ့ပြီး ခုလို  တပ်ဖွဲ့ဝင်ခေါင်းဆောင်အချို့က NCA 8 နှစ်ပြည့်အခမ်းနားကို သွားရောက်ခဲ့တာကြောင့် ၎င်းခေါင်းဆောင်များကို တာဝန်အသီးသီးမှ ရုပ်သိမ်းခဲ့တာလဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်း  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ PDF တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ရေးလုပ်ရှားနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *