ဇူလိုင် ၆ ၊ ပင်လည်ဘူး
ပင်လည်ဘူးမြို့နယ်ရှိ ကမ်းလက်ပရဟိတအဖွဲ့တည်ထောင်သူ တစ်ဦးဖြစ်သည့် ကိုကျော်မျိုးနိုင် (ဖိုးကျော်)သည် Covid19 ရောဂါဖြင့် ပထမဆုံးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
၎င်းကရောဂါကူးစက်ပြီးနောက် ရွှေဘိုမြို့သို့ ပြောင်းရွေ့ ကုသမှုခံယူရင်း ယနေ့ နေ့လည် (၁) နာရီခန့်က ရွှေဘိုမြို့တွင် သေဆုံးခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။
“သူက အောက်စီဂျင်တွေလိုတော့ သူ့မိဘတွေရှိတဲ့ ရွှေဘိုကိုသွားတာ။ ဒီက ပရဟိတကားနဲ့ လွန်ခဲ့တဲ့ ၂ရက်၃ရက်ကလိုက်ပို့လိုက်တာ ။ သူနာစေးချောင်းဆိုးဖြစ်တာက ဇွန်လ ၂၉ရက်နေ့ကတည်းက “ ဟု ၎င်းကပြော ဆိုသည်။
၎င်းသည် ပင်လည်ဘူးမြို့နယ်တွင်းရှိ Covid19 ကာလအတွင်း စားသောက်ရေးအခက်အခဲရှိသူများ ကူညီမှုများ နှင့် ဗုဒ္ဓဘာသာဆိုင်ရာ အလှူဒါနအတန်း ပြုလုပ်ရန် ဖွဲ့ထားသည့် ကမ်းလက်ပရဟိတအဖွဲ့ တည်ထောင်သူလည်းဖြစ် သည်။
ပင်လည်ဘူးမြို့နယ်တွင် ဇူလိုင်လ ပထမအပတ်အတွင်း Covid19 ကူးစက်သူ ၅၆ ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။