ဩဂုတ် ၁၆ ၊ ဖောင်းပြင်
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ကရားကျေးရွာတွင် ပြည်သူမှ ပြည်သူသို့ အစီအစဉ်တစ်ခုအဖြစ် ပရိဟိတဆေးပေးခန်းကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆေးပေးခန်းကို We love Kaya အဖွဲ့က ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနေကြောင်း ထိုအဖွဲ့မှ သိရသည်။
ကရားကျေးရွာသည် ဒီမိုကရေစီအရေးလုပ်ရှားမှုများကို ပြုလုပ်နေသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။