ဟုမ္မလင်း-မန္တလေး ခရီးသည်တင် ယာဉ်လိုင်းများ ခရီးသည်တင်ဆောင်မှု ရပ်ဆိုင်းထား

ဖေဖော်ဝါရီ ၁၆ ၊ ဟုမ္မလင်း

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်းတွေမှာ ခရီးသည်တင်ဆောင်မှု ရပ်ဆိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေး – ကောလင်း-ပင်လည်ဘူး-ဖောင်းပြင်-ဟုမ္မလင်း လိုင်းကားအများစု ခရီးသည် တင်ဆောင်တာတွေ ရပ်နားထားတယ်လို့သိရပါတယ်။

ခရီးသည်တင်ဆောင်မှုတွေကို ခဏရပ်နားထားပေမယ့် ကုန်ပစ္စည်းတန်ဆာများသာ လက်ခံတင်ဆောင်ပေးနေကြတာလို့ ယာဉ်လိုင်းများက ပြောပါတယ်။

“လူကတော့ လေယာဉ်စီးတာကောင်းမယ်၊ ခုရက်ပိုင်းတော့ ဘယ်ကားရယ်မှ မတင်ကြဘူး၊ လမ်းက ဒုက္ခများတော့ တအားအချိန်ကြာတာ ၊ စားစရိတ်တွေပြတ်မှာစိုးလို့ ကျနော်တို့ ကားဆရာတွေတောင် တခါတလေ စရိတ်ပြတ်တာတွေရှိတော့ ဒုက္ခများလို့ ၊ အဲ့ဒါကြောင့် ခရီးသည် မတင်သေးတာပါ” လို့ ရွှေဥရုမန်း ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် ခရီးစဉ်တစ်ကြောင်းအတွက် လူတစ်ဦး ယခင်က ၂ သောင်းဝန်ကျင်သာရှိပေမယ့် လက်ရှိမှာ ကျပ် ၂ သိန်းအထိ မြင့်တက်လာနေပါတယ်။

ရှမ်းနီဒေသဖြစ်တဲ့ ဟုမ္မလင်းမြို့နယ်မှ နမ့်တော-ဖောင်းပြင်-ပင်လည်ဘူးမြို့နယ် မြို့နယ်ချင်းထိစပ်နေတဲ့လမ်းပိုင်းမှာ ခရီးသည်တစ်ဦး တစ်သိန်း ထိမြင့်တက်လာနေတာလဲဖြစ်ပါတယ်။

“ သူတို့က မန္တလေးဈေးနှုန်းဖြတ်လိုက်တာကြီးကို ဘယ်နားဆင်းဆင်း အဲ့ဈေးပဲ နမ့်တောကနေ – ပင်လည်ဘူးနားထိလေးကို နှစ်ယောက် သုံးသိန်းပေးလိုက်ရတယ် ၊ အဲ့ဒါတောင် ခရီးသည်ဆို သိပ်မတင်ချင်ဘူး ၊ ကြားထဲ လမ်းမှာက တိုက်ပွဲတွေဖြစ်လို့ လမ်းက ခဏခဏပိတ်မိတယ်” လို့ နမ့်တော ဒေသခံတစ်ဦးက ပြောပြပါတယ်။

ရှမ်းနီဒေသတွင်း လမ်းပန်းဆက်သွယ်ရေးများ ပိုမိုခက်ခဲလာကြပြီး ခရီးသွားနှင့် ပစ္စည်းတန်ဆာခများ
ယခင်၂၀၂၁ နှစ်ထက် ခေတ်အခြေနေကထက် ၁၀ ဆနီးပါးပိုမို မြှင့်တက်လာနေတာလဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *